ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စစ်ကောင်စီတပ်များ (၇)လ ကျော် (၈) လ နီးပါး တပ်စွဲပြီးထိန်းချုပ်ထားသည့် ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအတွင်းရှိနယ်မြေကို ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း KRU မှ သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်စွဲထားသော အဆိုပါ စခန်းကို KRU မှ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများက စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။ ၂ ဖက်တပ်များ သေဆုံးမှုမရှိဘဲ စစ်ကောင်စီတပ်၏ အသုံးအဆောင်များ လက်နက်ခဲယမ်းများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
လက်ရှိတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများကို ဆောင်ရွက်နေပြီဖြစ်ကြောင်း KRU မှ အသိပေးထုတ်ပြန်ထားပါသည်။
#KRU
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/