ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း နှင့် မန္တလေးတိုင်းဒေသကြီး၏ အဓိက လမ်းမကြီးဖြစ်သော မန္တလေး-လားရှိုးလမ်းပေါ်ရှိ ဂုတ်ထိပ်တံတားအား ဇွန်လ (၂၀) ရက်နေ့မှစ၍ ဖြတ်သန်းခွင့်ယာယီပိတ်ထားမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် ဒေသခံများ စိုးရိမ်လျက်ရှိသည်။
“ လားရှိုးအပေါ်ဘက် နမ္မတူလမ်းပိုင်းတွေမှာ မြောင်းတွေတူးထားပြီး စစ်ကောင်စီအဖွဲ့က TNLA တွေသိမ်းပိုက်ထားတဲ့မြို့တွေဆီ ရိက္ခာတွေဖြတ်တောက်ဖို့ဖြစ်မယ်ထင်တယ် ။ အခုလည်း ဂုတ်တွင်းလမ်းကို ဇွန်လ (၂၀) ရက်နေ့ကစပြီး ပိတ်တော့မယ်တဲ့။ ရက် (၂၀) လောက်ပိတ်ထားမယ်လို့ ပြောနေကြတာပဲ အတိအကျတော့မသိရသေးဘူး။ ဒီနေ့အထိတော့ ကားအသွားအလာတွေရှိနေတုန်းပါပဲ။” ဟု နောင်ချိုမြိို့ရှိ ခရီးသည်တင်ယာဉ်ငယ်မောင်းသူတစ်ဦးကပြောပြသည်။
စစ်ကောင်စီက သျှမ်းပြည်နယ်မြောက်ပိုင်းရှိ လမ်းမကြီးများစွာအား မြောင်းတူးပြီး ပိတ်ပစ်ခဲ့သလို ယခုရက်ပိုင်းအတွင်း TNLA တပ်စခန်းများအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လာသည်။ ဇွန်လ (၁၇) ရက်နေ့တွင် နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီက ဒရုန်းဖြင့် TNLA အဖွဲ့ စခန်းချထားရာနေရာများ၌ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။