ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
တောင်ကြီး မြို့ပေါ်ရပ်ကွက်တွေမှာ ယခုရက်ပိုင်းထဲ
စစ်ကောင်စီက တပ်သားသစ်အတွက် လမ်းပေါ်က လူငယ်တွေကို ပေါ်တာဆွဲနေတယ်လို့မြို့ခံတွေဆီက သိရပါတယ် ။
” ဆွဲခံရတဲ့ထဲမှာ ဆေးသမားတွေက ၅၀% ကျန်တာက ဒီတိုင်း ရိုးရိုးအလုပ်ကပြန်လာတဲ့ လူငယ်လူရွယ်တွေပါ
အရင်လို ညဖက် ညနက်တဲ့အချိန်မှာ ဆွဲတာမဟုတ်ပဲ ည ၇နာရီနောက်ပိုင်းဆိုတာနဲ့ကို ဆွဲနေတာပါ ဆွဲတာကလည်း ရပ်ကွက်လမ်းတွေထဲအထိ ဝင်ဆွဲနေတာလို့ ” တောင်ကြီး မြို့ခံသတင်းရင်းမြစ်ကပြောပါတယ် ။
စစ်တပ် ကပေါ်တာဆွဲခံရတဲ့အထဲ မှာ Non cdm ဝန်ထမ်းအကြီးပိုင်းတွေထဲက သားတွေလည်း ပါသလို ငွေကြေးတတ်နိုင်သူ ၊ အခြေခံလူတန်းစားတွေ အများဆုံးပါဝင်နေပြီး အောက်ခြေက စည်ပင်လိုင်းခန်းမှာနေတဲ့ ဝန်ထမ်းတွေရဲ့ သားတွေလည်းပါတယ်လို့ သိရပါတယ် ။
စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် ၇ အတွက် တောင်ကြီးမြို့ပေါ် ကနေ သတ်မှတ်ထားတဲ့ လူဦးရေ ၂၀၀ ရှိပြီး ဖမ်းဆီးခံသွားရတဲ့လူတွေဟာ အရင်လို ငွေနဲ့ပြန်ထုတ်ဖို့ မလွယ်ဘူးလို့ သတင်းရင်းမြစ် တွေဆီက သိရပါတယ် ။
တောင်ကြီးမြို့ပေါ် စဝ်စံထွန်း ၊ ညောင်ဖြူစခမ်း ၊ ရတနာသီရိ ၊ ချမ်းမြ ၊ စိန်ပန်း ၊ ရွှေတောင် ၊ကံသာ ၁၄ ၊ ကျောင်းကြီးစု ၊ မဂႅလာဦး၊ ဘုရားဖြူ စတဲ့ရပ်ကွက်တွေထဲ မှာ စစ်ကောင်စီပေါ်တာဆွဲ သွားတဲ့ လူငယ် ၁၄၆ ဦး
နေတယ်လို့ tgi support revolution ရဲ့ အချက်အလက်ပါ စာရင်းတွေအရ သိရပါတယ် ။