နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ PDF ခေါင်းဆောင်တစ်ဦးအပါအဝင် ဒေသခံ (၁၇) ဦးကို စစ်ကောင်စီမှ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုးသား(၆) ဦးကို ခေါင်းဖြတ်သတ်ကာ အမျိုးသမီး (၃) ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ဟုဆို

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ်အတွင်းရှိ PDF ခေါင်းဆောင်တစ်ဦးအပါအဝင် ဒေသခံ (၁၇) ဦးကို စစ်ကောင်စီမှ လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားပြီး အမျိုးသား(၆) ဦးကို ခေါင်းဖြတ်သတ်ကာ အမျိုးသမီး (၃) ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့ဟုဆို

Hsan Loi Editor
05/03/2023
Share:

 

၂၀၂၃ ခုနှစ် မတ်လ (၁) ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ တာဒိုင်ကျေးရွာနှင့် ပန်းချီကျေးရွာရှိ အရပ်သား ၁၇ ဦးကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုအထဲတွင် ဒေသ PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ မိုက်ကယ်(ခ) ကိုကျော်ဇော ပါဝင်ခဲ့ပြီး မတ်လ (၁) ရက်နေ့ကတည်းက အူအပိုင်းပိုင်းပြတ်ထွက်သည်အထိ နှိပ်စက်ပြီး သတ်ဖြတ်ခဲ့ကြောင်း ဓာတ်ပုံများအရတွေ့ရှိရသည်။

ဒါ့အပြင် စစ်ကောင်စီတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသူများထဲတွင် အမျိုးသား ၅ ဦးကို ခေါင်းဖြတ်သတ်ခဲ့ပြီး အမျိုးသမီး ၃ ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ကြောင်းသိရသည်။ ၎င်းတို့၏ အပိုင်းပိုင်းပြတ်နေသည့် ခန္ဓာကိုယ် အစိတ်အပိုင်း များ၊ ဦးခေါင်းများကို မတ်လ ၂ ရက်နေ့ ညနေပိုင်းတွင် မြင်းမူမြို့နယ်၊ ညောင်ရင်းကျေးရွာသို့ မရောက်ခင် သရက်ခြံထဲ၌ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

ဒါ့အပြင် ရုပ်အလောင်း စစ်ဆေးချက်များအရ အမျိုးသမီး မိန်းမကိုယ်အင်္ဂါထဲ၌ ကြက်သွန်နီများ ထိုးထည့်ပြီး ညဉ်းပန်းနှိပ်စက်ခဲ့သည်ဟု ACID Army People Defence Force (AAPDF) က ဖော်ပြထားသည်။

စစ်ကောင်စီဖမ်းဆီးခေါ်ဆောင်သွားသည့် အရပ်သား ၁၇ ဦးထဲတွင် ၉ ဦးသေဆုံးခဲ့ပြီး ကျန်သည့် ၈ ဦးလည်း သတင်းအစအန မရသေးပဲ ပျောက်ဆုံးနေတာကြောင့် သေဆုံးသူတွေ ထပ်ရှိနိုင် သေးကြောင်း သိရသည်။

photo credit & original uploader