ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စစ်ကိုင်းငလျင်ကြောင့် ထိခိုက်သေဆုံးမှုများပြားတဲ့ နေပြည်တော်ကောင်စီနယ်မြေမှာ စစ်ကောင်စီက အေးသင်္ကြန်အမည်နဲ့ ယမန်နေ့ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့)က နေပြည်တော်ရှိ မြို့တော်ဝန် မဏ္ဍပ်မှာကျင်းပနေပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း တို့က တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်က ယူနက်စကို၏ လူသားမျိုးနွယ် ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းမှာ ပါဝင်ခဲ့ရာ ယခုနှစ်သင်္ကြန်ပွဲတော်ကို ရိုးရာအစဉ်အလာ မပျက် ထူးခြားစည်ကား သိုက်မြိုက်စွာ ကျင်းပသွားရန် စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် ပြီးခဲ့တဲ့ မတ် ၂၈ ရက် က ဖြစ်ပွားခဲ့တဲ့ စစ်ကိုင်းငလျင်ဘေးဒဏ်ကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရမှုများကို စာနာထောက်ထား သောအားဖြင့် ယခုနှစ် သင်္ကြန်ကို အပျော်အပါးနဲ့ သီဆိုကခုန်ခြင်းမပါဘဲ အေးချမ်းသာယာ တဲ့သင်္ကြန် အဖြစ်ကျင်းပတာဖြစ်တယ်လို့ စစ်ကောင်စီထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO ရဲ့လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ ယဉ်ကျေးမှု အမွေ အနှစ်စာရင်းဝင်အဖြစ် ပါဝင်နိုင်ရန် သနပ်ခါးလိမ်းတဲ့ဓလေ့လည်း ထည့်သွင်း သရုပ်ဖော်ထားပါတယ်။
ရန်ကုန်၊ မန္တလေး အပါအဝင် ဒေသတော်တော်များများက သင်္ကြန်မဏ္ဍပ်တွေ ပြန်ဖျက်ပေမယ့် နေပြည်တော်မှာတော့ စစ်ခေါင်းဆောင်က လမ်းလျှောက်သင်္ကြန်ကို အေးသင်္ကြန်အမည်နဲ့ ပြောင်းလဲ ကျင်းပနေတာပဲ ဖြစ်ပါတယ်။