ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
စက်သုံးဆီရောင်းချခြင်းအား စမတ်ကဒ်ဖြင့်သာ ရောင်းချရန် စက်သုံးဆီ တင်သွင်းသိုလှောင်ခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက စီစဉ်နေကြောင်း သိရသည်။ စစ်ကောင်စီက အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံစီးပွားရေး ပိုမိုကြပ်တည်းလာလျက်ရှိပြီး ထိုအထဲတွင် ငွေကြေးမတည်ငြိမ်မှုကြောင့် စက်သုံးဆီရရှိရန်ပင် ခက်ခဲလာသည့် အခြေအနေဖြစ်သည်။
ပြည်သူတစ်ဦးအနေဖြင့် မိမိတို့၏ အိမ်စီးကားနှင့်ဆိုင်ကယ်များအား ဓာတ်ဆီဖြည့်နိုင်ရန် တန်းစီနေရပြီး မှောင်ခိုဈေးကွက်တွင်လည်း စက်သုံးဆီဈေးနှုန်း အဆမတန် များပြားနေသည်။ ယခုအခါ စက်သုံးဆီအား စမတ်ကဒ်ဖြင့် ရောင်းချမည်ဆိုပါက ဓာတ်ဆီရရှိရန် ပိုမိုခက်ခဲလာနိုင်သည့် အနေအထားဖြစ်သည်ဟု ပြည်သူများက သုံးသပ်ကြသည်။