ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ငလျင်ဘေးသင့်ပြည်သူအတွက် ထောက်ပံ့ရေးပစ္စည်းသယ်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီ ယာဥ်တန်းကို သေနတ် ၃ချက် မိုးပေါ်ထောင်ပစ်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

ငလျင်ဘေးသင့်ပြည်သူအတွက် ထောက်ပံ့ရေးပစ္စည်းသယ်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီ ယာဥ်တန်းကို သေနတ် ၃ချက် မိုးပေါ်ထောင်ပစ်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြော

Hsan Loi Editor
02/04/2025
Share:

 

မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီယာဥ်တန်းကို သေနတ် ၃ ချက် မိုးပေါ်ထောင်ပစ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က ယနေ့ ဧပြီလ ၂ ရက်မှာ ဝန်ခံပြောဆိုခဲ့ပါတယ်။

 

ယမန်နေ့ ည ၉ နာရီခွဲအချိန်က ထောက်ပံ့ရေးပစ္စည်း သယ်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီ ယာဥ်တန်း (၉)စီးသည် နောင်ချိုမှ မန္တလေးသို့ ခရီးထွက်ခွာလာရာ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာမှာ စစ်ကောင်စီ တပ်မှ ပစ်ခတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။

 

၎င်းယာဥ်တန်းများသည် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံးသို့ အကြောင်းကြားထားခြင်းမရှိသည်ကို သိရပြီး ထိုယာဥ်တန်းများကို မီတာ ၂၀၀ လောက်အကွာမှာ မီးထိုးအချက်ပြ တားဆီးပေမယ့် မရတဲ့အတွက် သေနတ် ၃ ချက်မိုးပေါ်ထောင်ပစ်ပြီး နောင်ချိုဘက်သို့ ပြန်လှည့်သွားတယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

 

အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တာဝန်ရှိသူများက စုံးစမ်းမေးမြန်းပြုလုပ်နေတယ်လို့ ဆိုပါတယ်။

 

တရုတ်ကြက်ခြေနီအသင်းကို TNLA မှ ကာကွယ်စောင့်ရှောက်ပေးထားပြီး ၎င်းတို့လိုရာခရီးကို ဆက်လက်ပို့ဆောင်သွားမယ်လို့ တအာင်းတပ် TNLA က ယမန်နေ့ညက ထုတ်ပြန်ပြောဆိုထားပါတယ်။