ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ငလျင်ဘေးသင့်ပြည်သူများကို RCSS/SSA မှ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမည်ဟုသိရ

ငလျင်ဘေးသင့်ပြည်သူများကို RCSS/SSA မှ တတ်နိုင်သမျှကူညီဆောင်ရွက်ပေးသွားမည်ဟုသိရ

Hsan Loi Editor
30/03/2025
Share:

 

ငလျင်ဘေးသင့်ပြည်သူများနဲ့ ပတ်သက်ပြီး သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ ဝမ်းနည်းကြေကွဲကြောင်းနဲ့ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးသွားမယ်လို့ RCSS သတင်းဌာနတစ်ခုဖြစ်တဲ့ Tai Freedom မှ ယနေ့မွန်းလွဲပိုင်းမှာ ဖော်ပြထားပါတယ်။

 

ယမန်နေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက ရစ်ခ်ျတာစကေး ၇ ဒသမ ၇ အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်သည် စစ်ကိုင်းမြို့နယ်၊ ရေခါးအင်းအနီးမှာ ဗဟိုပြု လှုပ်ခတ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ သျှမ်းပြည်နယ်တောင်ပိုင်း၊ နေပြည်တော်ကောင်စီနယ်မြေနှင့် ပဲခူးတိုင်း‌ဒေသကြီးအတွင်းရှိ ဘာသာရေး အဆောက်အဦးများ၊ စေတီပုထိုးများ၊ အိုးအိမ်များ၊ လမ်းတံတားများ ထိခိုက်ပျက်စီးပြိုကျမှုများ ဖြစ်ပေါ်ခဲ့ပြီး လူထုအများအပြားသေဆုံးပြီး ထိခိုက်ဒဏ်ရာရမှု များစွာရှိကြောင်း သိရှိရတဲ့အတွက် RCSS/SSA အနေဖြင့် ပြည်သူလူထုအားလုံးနှင့်ထပ်တူ အလွန်ဝမ်းနည်း ကြေကွဲရတယ်လို့ ဖော်ပြထားပါတယ်။

 

ဒါကြောင့် သျှမ်းပြည်ပြန်လည်ထူ‌ထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) အနေဖြင့် မြေငလျင်ဒဏ်သင့် လူထုကို ထိရောက်သော အကူအညီများ ပေးအပ်နိုင်ရေး အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

Source – Tai Freedom