ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ငလျင်ဒဏ်သင့်ပြည်သူများ ထောက်ပံ့ရေးပစ္စည်းပေးအပ်လှူဒါန်းရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်သွယ်ဆောင်ရွက်သွားရန်လို၊    မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာ ဆောင်ရွက်ခွင့်မရှိဘဲ ခွင့်ပြုချက်ရယူမယ့် မူဝါဒ ကျင့်သုံးရန်လိုအပ်တယ်လို့ ဒုချုပ် စိုးဝင်းပြော

ငလျင်ဒဏ်သင့်ပြည်သူများ ထောက်ပံ့ရေးပစ္စည်းပေးအပ်လှူဒါန်းရာတွင် သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်သွယ်ဆောင်ရွက်သွားရန်လို၊   မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာ ဆောင်ရွက်ခွင့်မရှိဘဲ ခွင့်ပြုချက်ရယူမယ့် မူဝါဒ ကျင့်သုံးရန်လိုအပ်တယ်လို့ ဒုချုပ် စိုးဝင်းပြော

Hsan Loi Editor
06/04/2025
Share:

 

ငလျင်ဒဏ်သင့်ပြည်သူများကို ထောက်ပံ့ရေးပစ္စည်းများပေးအပ်လှူဒါန်းရာတွင် သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့များထံသို့ သတင်းပေးပို့မှုမရှိဘဲ မိမိအစီအစဥ်နဲ့ ဆောင်ရွက်ခြင်းများသည် မလိုလားအပ်တဲ့ အုပ်ချုပ်မှုဆိုင်ရာကိစ္စများ ဖြစ်ပေါ်လာနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဆက်သွယ်ဆောင်ရွက် သွားရန်လိုအပ်တယ်လို့ ဒုတိယစစ်ခေါင်းဆောင် ဒုချုပ် စိုးဝင်း က ပြောပါတယ်။

 

ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ဒုချုပ် စိုးဝင်း က အထက်ပါအတိုင်း ပြောကြားတာဖြစ်ပါတယ်။

 

ဒါ့အပြင် “ မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ အရေးပေါ်ကူညီ ကယ်ဆယ်ရေးအဖွဲ့များကလည်း မြန်မာနိုင်ငံမှ ကယ်ဆယ်ရေးအဖွဲ့များနဲ့ ပူးပေါင်း ဆောင်ရွက်ပေး လျက်ရှိရာမှာ ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် မည်သည့်အဖွဲ့အစည်းမဆို သီးခြားလွတ်လပ်စွာ ရပ်တည်၍ ဆောင်ရွက်ခွင့်မရှိပဲ ကြိုတင်ခွင့်ပြုချက် တောင်းခံထားတဲ့ အဖွဲ့အစည်းများဖြစ်ရန်လိုပြီး သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားမည်ဖြစ်သည်ကို မူဝါဒတစ်ရပ်အနေနဲ့ ဆောင်ရွက်သွားရန်လိုကြောင်း” ပြောပါတယ်။

 

တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်များအနေနဲ့ မိမိတို့သက်ဆိုင်ရာနယ်မြေများသို့ ရောက်ရှိလာတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့များ၊ NGO အဖွဲ့အစည်းများကို မိမိတို့ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ ခွင့်ပြုပေးသွားရန်လိုအပ်တယ်လို့ ဒုတိယစစ်ခေါင်းဆောင်က ပြောကြားခဲ့တယ်လို့ ၎င်းတို့ ထိန်းချုပ်ထားတဲ့ သတင်းဌာနမှာ ထုတ်လွှင့်ဖော်ပြထားပါတယ်။