နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ငလျင်ဒဏ်ကိုအကြောင်းပြုပြီး စစ်ကောင်စီက ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးကာလ နောက်ထပ် ၁ လ ထပ်မံတိုးမြှင့်

ငလျင်ဒဏ်ကိုအကြောင်းပြုပြီး စစ်ကောင်စီက ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးကာလ နောက်ထပ် ၁ လ ထပ်မံတိုးမြှင့်

Hsan Loi Editor
06/05/2025
Share:

 

စစ်ကောင်စီက ငလျင်ကိုအကြောင်းပြပြီး ငလျင်ဒဏ်သင့်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ဟုဆိုကာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို တတိယအကြိမ်အဖြစ် နောက်ထပ် ၁ လ ထပ်မံတိုးမြှင့်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ထုတ်ပြန် ကြေညာသည်။

 

စစ်ကောင်စီက ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့မှ ဧပြီ ၂၂ ရက်တွင် ၁ကြိမ်၊ ဧပြီ ၂၃ ရက်မှ ဧပြီလ ၃၀ ရက်နေ့အထိ ဒုတိယအကြိမ်အဖြစ် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလ ကြေညာခဲ့ပြီးနောက် ယခုထပ်ပြီး မေလ (၆) ရက်နေ့မှ မေလ(၃၁) ရက်နေ့အထိ တတိယအကြိမ် သက်တမ်းတိုးခဲ့တာဖြစ်ပါသည်။

 

စစ်ကောင်စီသည် ယာယီ အပစ်ခတ်ရပ်စဲရေး ကြေညာထား ချိန်တုန်းကလည်း နိုင်ငံတစ်ဝန်းတွင် လေယာဉ်ဖြင့် နေ့စဉ်ဗုံးကျဲမှုများ လုပ်ခဲ့ပြီး မတ်လ ၂၈ ရက်နေ့မှ မေလ ၂ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၈၂ ကြိမ်ပြုလုပ်ခဲ့ကာ ပြည်သူ ၂၇၆ ဦးသေးဆုံးပြီး ၄၅၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

 

မတ်လ ၂၈ ရက်နေ့က လှုတ်ခတ်ခဲ့သော အင်အားပြင်းငလျင်ကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အစိုးရရုံးဌာနများ၊ နေအိမ်အဆောက်အဦများ၊ လမ်းပန်းဆက်သွယ်‌ရေးလုပ်ငန်းမျာနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ပြည်လည်တည်ဆောက်ဖို့ရာအတွက် အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို နောက်ထပ်သက်တမ်းတိုးလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။