ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ဂုတ်တွင်းအနီးရှိ ကျေးရွာအချို့က လူနေအိမ်များ သော့ခတ်မထားရန် TNLA ကအမိန့်ပေးထားဟုဆို

ဂုတ်တွင်းအနီးရှိ ကျေးရွာအချို့က လူနေအိမ်များ သော့ခတ်မထားရန် TNLA ကအမိန့်ပေးထားဟုဆို

Hsan Loi Editor
11/11/2023
Share:

 

အောက်တိုဘာလ (၂၇) ရက်နေ့ကတည်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီးသောနေ့ကတည်းက သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံလူထုများစွာ စစ်ဘေးရှောင်ဘဝသို့ ရောက်ရှိခဲ့ကြပြီဖြစ်သည်။

 

မြောက်ပိုင်းမဟာမိတ်အဖွဲ့သည် ပြည်သူလူထုကျေးရွာအတွင်း တိုက်ပွဲဝင်ရောက်ဖော်ဆောင်ခြင်းကြောင့် ပြည်သူလူထုအဆောက်အအုံပေါ် လက်နက်ကြီးကျရောက်ခြင်း၊ ဘာသာရေးအဆောက်အအုံပေါ် လက်နက်ကြီးကျရောက်ခြင်းတို့ကြောင့် စစ်ဘေးရှောင်နှင့် မိဘပြည်သူများ ၊ ကလေးငယ်နှင့်အမျိုးသမီးများ အသက်ဆုံးရှုံးခဲ့ရမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

 

ယခုအခါ သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းအနီးပတ်ဝန်းကျင်ရှိ ပြည်သူလူထုကျေးရွာများအတွင်း TNLA မှ ဝင်ရောက်နေထိုင်ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ကြရသည်။

 

ထိုသို့ထွက်ပြေးတိမ်းရှောင်နေစဉ်အတွင်း ပြည်သူလူထုနေအိမ်များအား သော့ခတ်ထားခြင်းမပြုကြရန်၊ ၎င်းတို့အဖွဲ့ဝင်များ ဝင်ရောက်ပြီး ချက်ပြုတ်စားသောက်ရန် လိုအပ်ကြောင်း ဒေသခံပြည်သူများအား ခြိမ်းခြောက်ပြောဆိုထားသည်ဟုဆိုသည်။

 

ယနေ့တွင်လည်း ကျောက်မဲမြို့နယ် ဇီးပင်စခန်းကျေးရွာအနီးရှိ နောင်ချို-ကျောက်မဲလမ်းပိုင်းအား မြောက်တူးပြီး လမ်းပန်းဆက်သွယ်မှု ထပ်မံဖြတ်တောက်ထားကြောင်း ဒေသခံ၏ ပြောပြချက်အရ သိရသည်။

 

သျှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပနေ သံဃာတော်များ ၊ သျှမ်းပြည်သူလူထုများနှင့် အရပ်ဖက်အဖွဲ့အစည်းများက ယခုလိုသဘောထားထုတ်ပြန်ခဲ့သည်။

 

အဆိုပါထုတ်ပြန်ချက်အတွင်း၌

 

– စစ်ပွဲအတွင်း ပိတ်မိနေသော ပြည်သူများ လွတ်လပ်ဘေးကင်းစွာ စစ်ဘေးရှောင်နိုင်ရေးအတွက် ကူညီပေးကြပါရန်။

 

– လူသားချင်စာနာထောက်ထားမှုဆိုင်ရာ အကူညီပေးသည့် ရဟန်းရှင်လူပြည်သူများ အရပ်ဖက်အဖွဲ့အစည်းများကို လွတ်လပ်ဘေးကင်းစွာ ကူညီခွင့်ပြုပါရန်။

 

– မည်သည့်လက်နက်ကိုင်တပ်မဆို ပြည်သူလူထု နေထိုင်ရာကျေးရွာများ၊ မြို့များ၊ ဘာသာရေးအဆောက်အအုံများနှင့် စစ်ဘေးရှောင်စခန်းများတွင် တိုက်ပွဲမဖြစ်ပွားစေရေးအတွက် ရှောင်ကြဉ်ပေးကြပါရန်။

 

– ပြည်သူလူထုများအား စစ်ရေးပဋိပက္ခများအတွင်း အသက်အိုးအိမ်လုံခြုံမှုရှိစေရန်အတွက် အပြည့်အဝကာကွယ်ပေးရန်။

 

– စစ်ရေးဆိုင်ရာဥပဒေများ၊ ကျင့်ဝတ်များနှင့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေ(IHL)ကို အလေးအနက်ထား လိုက်နာကြပါရန်။

 

– အတူနေလူမျိုးစုအချင်းချင်း ပဋိပက္ခဖြစ်စေသော အပြုအမူ၊ အပြောအဆိုများ မပြူလုပ်ကြပါရန်။

 

– နိုင်ငံတကာ အဖွဲ့အစည်းများအားလုံးက ဖြစ်စဉ်တစ်လျောက်လုံးကို စောင့်ကြည့်လေ့လာ ထိန်းညှိပေးကြပါရန် လေးနက်စွာ သဘောထားထုတ်ပြန်အပ်ပါသည်။