ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းအကွေ့ တံတားအနီး၌ ဘိလိပ်မြေတင်ဆောင်လာသော (၆) ဘီးကားတစ်စီး ယနေ့ (၈.၅.၂၀၂၃) ရက်နေ့ နံနက် (၁ဝး၁၅) မိနစ်ခန့်တွင် မတော်တဆတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းဖြစ်သူ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီး ကမ်းလင့်လက်များလူမှုကူညီအသင်းက ရှေးဦးသူနာပြုစုနည်းအတိုင်း ကူညီဆောင်ရွက်ပေးခဲ့သည်။
ဂုတ်တွင်းအတွင်း မောင်းနှင်သော ယာဉ်မောင်းများအနေဖြင့် အရှိန်ထိန်းမောင်းနှင်ကြရန်နှင့် အတက်ယာဉ်ကိုဦးစားပေးရန် လိုအပ်ကြောင်း ယာဉ်မောင်းတစ်ဦးက တိုက်တွန်းထားသည်။