ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ချင်းလက်နက်ကိုင်အချင်းချင်း (၃)ရက်ဆက် တိုက်ပွဲဖြစ်ပွား

ချင်းလက်နက်ကိုင်အချင်းချင်း (၃)ရက်ဆက် တိုက်ပွဲဖြစ်ပွား

Hsan Loi Editor
05/05/2024
Share:

 

ချင်းပြည်နယ်ရှိ ချင်းလက်နက်ကိုင်အဖွဲ့များဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNA) နှင့် ဇိုမီးတော်လှန်ရေးတပ်(ZRA-EC) တို့သည် ချင်းပြည်နယ် တီးတိန်မြို့နယ်အတွင်း (၃)ရက်ဆက်တိုက် အချင်းချင်း အပြန်အလှန်ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

 

မေလ (၁)ရက်နေ့ကတည်းက တီးတိန်မြို့နယ် မွာလ်လုမ်းကျေးရွာအနီးရှိ ZRA-EC အဖွဲ့၏ တပ်စခန်းအား CNA က ထိုးစစ်ဆင်ရာမှ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

 

လက်ရှိအချိန်အထိ တီးတိန်မြို့နယ်အတွင်း ချင်းလက်နက်ကိုင်အဖွဲ့(၂)ဖွဲ့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများရှိနေသေးသည်ဟု ဖလမ်းမြို့နယ်မှ ချင်းတိုင်းရင်းသူတစ်ဦးက ပြောပြသည်။

 

Zomi Revolutionary Army-Eastern Command (ZRA-EC) ဇိုမီးတော်လှန်ရေးတပ်သည် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် နယ်ခြားစောင့်တပ်အဖြစ် တည်ရှိနေသော အဖွဲ့ဖြစ်သည်။

 

CNF/CNA သည် NCA လက်မှတ်ရေးထိုးထားသော ချင်းတော်လှန်ရေးတပ်ဖြစ်ပြီး စစ်ကောင်စီက အာဏာသိမ်းပြီးနောက် NUG နှင့်ပူးပေါင်းပြီး စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲများ ဆင်နွဲနေသည့် အဖွဲ့ဖြစ်သည်။