ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ချင်းပြည်နယ်ရှိ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီထပ်မံကြေညာ

ချင်းပြည်နယ်ရှိ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်တို့ကို သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီထပ်မံကြေညာ

Hsan Loi Editor
17/05/2023
Share:

 

၂၀၂၃ ခုနှစ် မေလ (၁၇)ရက်နေ့က တိုက်ခတ်သွားသော စူပါဆိုင်ကလုန်းမုန်တိုင်း မိုခါ သည် ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဖြတ်ကျော်ဝင်ရောက်ပြီး ချင်းပြည်နယ် ပလက်ဝမြို့အနီးမှ ကုန်းတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ခဲ့ပါသည်။

 

အဆိုပါ အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ ဖြတ်ပေါ်ခဲ့သော ချင်းပြည်နယ်ရှိ တီးတိန်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့နယ်များအား သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ် စစ်ကောင်စီမှ ယမန်နေ့တွင် ထပ်မံထုတ်ပြန်ကြေညာခဲ့ကြောင်း သတင်းရရှိသည်။

 

စစ်ကောင်စီမှ သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာခဲ့သော မြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးအဖွဲ့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိသည့် ဒေသများဖြစ်သည်။