ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းအမျိုးသားရေးတာဝန်များကို ခေတ်အဆက်ဆက် ထမ်းဆောင်ခဲ့သူ စဝ်ကန်းစစ် အသက်(၈၈)နှစ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့ ည (၁၀)နာရီကျော်ခန့်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ၎င်း၏ နေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ရပြီဖြစ်ကြောင်း သတင်းရရှိသည်။
စဝ်ကန်းစစ်သည် သျှမ်းပြည်နယ်တောင်ပိုင်း ပင်လုံမြို့နယ် ဆနင်းကျေးရွာတွင် ၁၉၃၇ ခုနှစ် ဇူလိုင်လ(၁၀)ရက်နေ့က မွေးခဲ့သူဖြစ်သည်။ ၁၉၅၂ ခုနှစ်တွင်ဖေဖော်ဝါရီလတွင် အသက်(၁၅)နှစ်ခန့်သာ ရှိသေးသော စဝ်ကန်းစစ်သည် ပအိုဝ်းတော်လှန်ရေးတပ်ဖွဲ့ ဗိုလ်မှူးကြီးတာမူတီလက်အောက်တွင် စတင်တာဝန်ထမ်းဆောင်သည်။ ၁၉၅၈ ခုနှစ်တွင် ပအိုဝ်းတော်လှန်ရေးတပ်မှ လက်နက်ဖြင့် ငြိမ်းချမ်းရေးလဲလှယ်ခဲ့ပြီးနောက် ၎င်းသည်လည်း တာဝန်မှရပ်နားခွင့်တောင်းကာ ၎င်းနေအိမ်၌ ပြန်လည်နေထိုင်ခဲ့သည်။
အဲ့ဒီနောက် ၁၉၆၀ ခုနှစ် ဇူလိုင်လ(၆)ရက်နေ့တွင် ဗိုလ်မိုးဟိန်း လက်အောက်၌ အမျိုးသားရေးတာဝန်ထမ်းဆောင်ရန် ဝင်ရောက်ခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် SNUF သျှမ်းတော်လှန်ရေးတပ် ဖွဲ့စည်းရာတွင် ပူးပေါင်းပါဝင်ခဲ့ပြီး ဗိုလ်ကြီးတာဝန်ဖြင့် တပ်စုတစ်ခုကို ဦးဆောင်ခဲ့သည်။
၁၉၆၄ ခုနှစ်တွင် စဝ်နန်းဟိန်းခမ်းတည်ထောင်သော SSA တပ်နှင့် ပူးပေါင်းပြီး ဗိုလ်မှူးတာဝန်အဖြစ် အမျိုးသားရေးတာဝန်များကို ထမ်းဆောင်သည်။ ၁၉၆၉ ခုနှစ်တွင် ဗိုလ်မိုးဟိန်းဦးဆောင်တည်ထောင်သော သျှမ်းတော်လှန်ရေးတပ် SURA နှင့် ပူးပေါင်းခဲ့သည်။
၁၉၇၃ ခုနှစ်တွင် ဗိုလ်မိုးဟိန်း၏ SURA တပ်တွင် ဒုတိယဥက္ကဌဖြင့် တာဝန်ထမ်းဆောင်သည်။ ၁၉၈၄ ခုနှစ်တွင် သျှမ်းတော်လှန်ရေးကော်စီ TRC (နောက်ပိုင်းတွင် SSRC) နှင့် ပူးပေါင်းပါဝင်သည်။ ၁၉၉၃ ခုနှစ်တွင် Shan State National Congress ၏ ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။
၁၉၉၅ ခုနှစ်တွင် ကျန်းမာရေးအခြေအနေကြောင့် အမျိုးသားတာဝန်များထမ်းဆောင်ခြင်းကို ရပ်နားပြီး
နောက်ပိုင်းတွင် RCSS/SSA ၏ အကြံပေးပုဂ္ဂိုလ်အဖြစ်
ကွယ်လွန်သည့်အချိန်ထိ ဆောင်ရွက်ခဲ့သူဖြစ်သည်။