ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်း – ကရင်နီ နယ်စပ်က မိုးဗြဲ အခြေစိုက် ခမရ (၄၂၂) တပ်က တပ်သား ၃ ဦးဟာ ဖေဖော်ဝါရီ ၂၄ ရက်နေ့မှာ လက်နက်ခဲယမ်းနဲ့အတူ ဖယ်ခုံပြည်သူ့ကာကွယ် ရေး တပ်(၁၀၀၆) တပ်ရင်းထံဘက်ပြောင်းခိုလှုံဝင်ရောက်လာတယ်လို့ ဖယ်ခုံ PDF ကထုတ်ပြန်ထားပါတယ် ။
ဘက်ပြောင်းခိုလှုံလာတဲ့ တပ်သား ၃ဦးဟာ မိုးဗြဲအခြေစိုက် ခမရ(၄၂၂) တပ်အတွင်း အင်အားဖြည့်တင်းဖို့ တာဝန်ကျလာတဲ့ ခမရ(၅၁၈) တပ်ရင်းက တပ်သားတွေဖြစ်ပြီး ၎င်းတို့နဲ့အတူ MA1 ၁ လက် ၊ MA3 ၂လက်၊ ကျည်တောင့် ၁၂၀ ပါလာခဲ့တဲ့အတွက် တစ်ဦးလျှင် ကျပ်သိန်း (၃၀) ဆီ ဆုငွေချီးမြှင့်ခဲ့တယ်လို့ ဖယ်ခုံ PDF ကဆိုပါတယ် ။
အဲ့ဒီတပ်သား ၃ ဦးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ မတရားဖမ်းဆီး တာဝန်ပေးခြင်းခံရကာ ခမရ (၄၂၂) မှာတာဝန် ကျခြင်းဖြစ်ပြီး “ စစ်တပ်မှ ပြည်သူ လူထု အပေါ် နှိပ်စက်အကြမ်းဖက်မှုများကို လက်သင့်မခံနိုင်သောကြောင့် ဓမ္မတရားအတွက် အရဲစွန့် ရုန်းထွက်လာရခြင်းဖြစ်ကြောင်း” ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် ။
CDMဝင်လာတဲ့ တပ်သား ၃ ဦးကို ဖယ်ခုံ PDF တပ်ရင်းက နွေးထွေးစွာကြိုဆိုပြီး ဆု ကြေးငွေ များချီးမြှင့်ကာ ဘေးကင်းလုံခြုံစွာထားရှိကြောင်း နဲ့အမျိုးသားညီညွှတ်ရေးအစိုးရကလည်း ထ ပြည်သူ့ သူရဲကောင်းများအဖြစ်အသိအမှတ်ပြုပြီး ထိုက်သင့်တဲ့ အထောက်အပံ့တွေ ပံ့ပိုးပေးနိုင်ဖို့အတွက်လည်း လုပ်ဆောင်ပေးလျှက်ရှိတယ်လို့သိရပါတယ် ။
ဒါ့အပြင် အရေးတော်ပုံအောင်နိုင်ရေးအတွက် ပြည်သူ့သားကောင်းများပီပီ ဓမ္မဘက်ရပ်တည်ကာ ထပ်မံအလင်းဝင်ရောက်လိုသူတွေကို အစဥ်အမြဲကြိုဆိုလျက်ရှိကြောင်း ဖယ်ခုံ PDF အမှတ်(၁၀၀၆) တပ် ရင်းက ထုတ်ပြန်ထားပါတယ် ။
တော်လှန်ရေးကာလတစ်လျှောက် ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ် (၁၀၀၆) တပ်ရင်းထံ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား (၃၆) ဦးရှိတယ်လို့ သိရပါတယ်။