ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကွန်ဟိန်းမြို့နယ် RCSS အဖွဲ့ဝင်များရှိရာ လိုင်းကမ်ကျေးရွာအုပ်စု နယ်မြေတဝိုက်သို့ SSPP တပ်ပေါင်းစုအဖွဲ့ဝင်များ အင်အားဖြည့်တင်းမှု ပြုလုပ်လျက်ရှိကြောင်း ဒေသန္တရ သတင်းအရင်းအမြစ်တခုကဆိုသည်။
“၂ ဖက် အင်အားထပ်ဖြည့်နေတယ်လို့တော့ ကြားထားပါတယ်။ နမ့်တွတ်ရွာခံတွေကတော့ အိမ်ခြေ ၃၀ လောက်ရှိပါလိမ့်မယ်၊ အိမ်စိတ်မချတဲ့သူတွေပဲ ပြန်စောင့်ကြတာတော့ ရှိတယ်၊ အများစုတော့ မပြန်ကြပါဘူး” ဟု ကွန်ဟိန်းမြို့ခံတဦးက ပြောပါသည်။
မတ်လ ၃ ရက် ယမန်နေ့က SSPP တပ်ပေါင်းစုဘက်မှ စဝ်စိန်မိန်းဦးစီးသော အဖွဲ့ဝင်များသည် ကွန်ဟိန်းမြို့နယ် ဟိုနား၊ မိန်းလင်းကျေးရွာတဝိုက်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
SSPP ဌာနချုပ်မှ ကားအစီး ၃၀ ဝန်းကျင်ခန့် နောင်တောင်း(ဝ်း) ဘက်သို့ ဦးတည်ထွက်ခွာလာကြသည်လည်း ရှိနေသည်ဟု သိရသည်။
RCSS က ပင်လုံ၊ ပန်ပေါင်းဘက်မှ စစ်ကြောင်းအချို့၊ လိုင်းကမ်ဘက်မှ နမ့်တွတ်ဘက်သို့ အင်အားဖြည့်တင်းနေကြောင်း SSPP စာမျက်နှာက ဖော်ပြပါသည်။
မတ်လ ၂ ရက်နေ့က ကွန်ဟိန်းမြို့နယ် နမ့်တွတ်ရွာနားရှိ RCSS တပ်ဖွဲ့ဝင်များကို SSPP က ကနဦး ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး RCSS ရှိရာသို့ SSPP နှင့် မဟာမိတ်ဘက်က ထိုးဖောက်လာခြင်းဖြစ်ကြောင်း ပြောပါသည်။
Photos: RCSS နှင့် SSPP ပုံဟောင်း