ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီ တောင်ကြီးရောက်လာပြီး တိုင်းရင်းသားစာပေယဥ်ကျေးမှုအသင်းများနှင့် လာတွေ့သွား 

ကြံ့ခိုင်ရေးပါတီဥက္ကဌ ဦးခင်ရီ တောင်ကြီးရောက်လာပြီး တိုင်းရင်းသားစာပေယဥ်ကျေးမှုအသင်းများနှင့် လာတွေ့သွား 

Hsan Loi Editor
16/01/2023
Share:

 

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက် ယမန်နေ့ မွန်းလွဲပိုင်းတွင် သျှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့သို့ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရောက် ရောက်ရှိလာပြီး သျှမ်း၊ ပအိုဝ်း၊ ကိုးကန့်၊ အင်းသား၊ တောင်ရိုး၊ ပလောင်၊ ယင်းကြား၊ မုန်ဝန်းစတဲ့ တိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့ (၈) ဖွဲ့နှင့် တောင်ကြီးခရိုင် ပါတီရုံးခန်းမ၌ တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။

 

အထက်ပါကိစ္စနှင့် ပါတ်သက်၍ တိုင်းရင်းသားစာပေယဥ်ကျေးမှုအသင်းမှ တက်ရောက်ခဲ့သူ တဦးက “အာဏာထိန်းတာပါ အာဏာသိမ်းတာမဟုတ်ဖူးဆိုတဲ့အကြောင်း လာပြောသွားတယ်၊ ဓနုစာပေယဥ်ကျေးမှုတော့ လာတက်တာမတွေ့မိဘူး၊ ပလောင်လာတက်တယ်၊ ပအိုဝ်းအများစုလာတာတွေ့တယ်” ဟု ပြောပါသည်။

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီက “နိုင်ငံတော်အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြရမဲ့ ကိစ္စတွေကိုပြောခွင့်ရခဲ့သလို တိုင်းရင်းသားတွေဘက်က တစ်ဖွဲ့ချင်းစီရဲ့ တင်ပြဆွေးနွေးချက်၊ စာပေယဉ်ကျေးမှုဆိုင်ရာ ကူညီပေးရမဲ့ကိစ္စရပ်တွေကို နားထောင်ခွင့်ရခဲ့ပါတယ်။ အပြန်အလှန် ဆွေးနွေးချက်တွေကြောင့် နာရီအတော်ကြာအောင် အကျိုးရှိစွာ ကုန်ဆုံးခဲ့ပါတယ်။” ဟု ၎င်းက ရေးသားဖော်ပြခဲ့သည်ကို တွေ့ရှိရပါသည်။

ဓါတ်ပုံ- ဦးခင်ရီ