ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျေးသီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ SSPP တို့ တပ်သားသစ်စုဆောင်းမှုအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှုးများထံ ဖိအားပေး စာရင်းတောင်းခံမှုကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့ အလုပ်ထွက်

ကျေးသီးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ SSPP တို့ တပ်သားသစ်စုဆောင်းမှုအတွက် ရပ်/ကျေး အုပ်ချုပ်ရေးမှုးများထံ ဖိအားပေး စာရင်းတောင်းခံမှုကြောင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့ အလုပ်ထွက်

Hsan Loi Editor
28/02/2025
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ SSPP/SSA တို့က တပ်သားသစ် စုဆောင်းမှုအတွက် မြို့နယ်ရှိ လူငယ်စာရင်းများကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ ဖိအားပေး စာရင်းတောင်းခံလာမှုကြောင့် အချို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက အလုပ်မှ နှုတ်ထွက်ကြတယ်လို့ ကျေးသီးဒေသခံတစ်ဦးထံမှ သိရပါတယ်။

 

“ စစ်မှုထမ်းဖို့ စစ်တပ်ဖက်လည်း လူစာရင်းတောင်းတယ်၊ SSPP ဘက်ကလည်း လူစာရင်းတောင်း တော့ အုပ်ကြီးတွေလည်း ဖိအားဒဏ်မခံနိုင်တော့ အလုပ်ထွက်ကြတယ်၊ ကြားမိတာကတော့ အလုပ် ထွက်တာ ၃ ယောက်လောက်ရှိပြီ” လို့ ဒေသခံအမျိုးသမီးက Hsan Loi Voice ကို ပြောပါတယ်။

 

၎င်းတပ်ဖွဲ့များက လူငယ်များကို စစ်သားအဖြစ် တိုက်ရိုက်ခေါ်ယူခြင်းမရှိသော်လည်း ရပ်/ကျေး အုပ်ချုပ်ရေးမှူးများထံ လူစာရင်းများ တောင်းခံနေတယ်လို့ စုံစမ်းသိရပါတယ်။