ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ-မိုင်းငေါ့လမ်း မိုင်တိုင် (၁၃/၅) ၌ ယမန်နေ့ နိုဝင်ဘာလ (၁၃) ရက်နေ့ ည (၇)နာရီခန့်တွင် မြေသယ်ယာဉ်တစ်စီး မတော်တဆဖြစ်ပြီး ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
မတော်တဆဖြစ်ရပ်ကြောင့် ယာဉ်မောင်းဖြစ်သူ အသက် (၃၆) နှစ်အရွယ်ရှိ စိုင်းနော်လင်းသည် အဆိုပါနေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ရသည်။
၎င်း၏ အလောင်းကို ကျောက်မဲမြို့ နမ့်ခုံးသျှမ်းများပရဟိတ လူမှုကူညီရေးအသင်းက ယနေ့နံနက်ပိုင်းတွင် သွားရောက်သယ်ဆောင်ပြီး ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/