ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်မဲမြို့ ပြည်သူ့ဆေးရုံအား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခြင်းကြောင့် ကိုယ်ဝန်သည်နှင့်ကလေးငယ်များအပါအဝင် ပြည်သူအမြောက်အများ ထိခိုက်

ကျောက်မဲမြို့ ပြည်သူ့ဆေးရုံအား စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခြင်းကြောင့် ကိုယ်ဝန်သည်နှင့်ကလေးငယ်များအပါအဝင် ပြည်သူအမြောက်အများ ထိခိုက်

Hsan Loi Editor
25/01/2025
Share:

 

TNLA ထိန်းချုပ်ထားသော သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ရှိ ပြည်သူ့ဆေးရုံကြီးအား ယနေ့ မွန်းလွဲ (၁:၃၀) နာရီခန့်တွင် စစ်ကောင်စီတိုက်လေယာဉ်က ဗုံး(၂)လုံး ကြဲချခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ့ဆေးရုံကို ရောက်ရှိနေသော ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင်၊ ကလေးငယ်များ၊ ပြည်သူများ ထိခိုက်ခဲ့သည်ဟုဆိုသည်။

 

“ ကျောက်မဲဆေးရုံကြီးကိုပေါ်ကို ကျတယ်။ လောလောဆယ် ထိခိုက်သေဆုံးမှုအတိအကျတော့ မသိသေးပေမယ့် ကလေးတွေရော ကိုယ်ဝန်သည်တွေရော ထိတယ်လို့ပြောတယ်။ ” ဟု ကျောက်မဲဒေသခံတစ်ဦးကပြောသည်။

 

ကျောက်မဲမြို့နယ်အား TNLA က ထိန်းချုပ်ထားပြီးနောက် ပုဂ္ဂလိကဆေးရုံဆေးခန်းများ မရှိတော့သည့်အတွက် နာမကျန်းဖြစ်ပါက ဆေးရုံကြီးကိုသာ သွားရောက်ကုသရသည်။ ကျောက်မဲဆေးရုံကြီးတွင် TNLA ၏ ကျန်းမာရေးမှူးများက ဒေသခံများအား လက်ခံပြီး ဆေးကုသပေးနေခြင်းဖြစ်သည်။