ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာ အရှေ့ဘက် တောင်ခြေနောင်ပိန် အထက်ရဲရွာလမ်းရှိ SSPP လှုပ်ရှားရာ နယ်မြေဘက်မှာ TNLA က ကျုးကျော်ဝင်ရောက်လာမှုကြောင့် SSPP က ပစ်ခတ်ရာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယနေ့ ဇူလိုင်လ(၅)ရက် မွန်းတည့်(၁၂)နာရီအချိန်က တအာင်း TNLA တပ်ဖွဲ့မှ အင်အား(၁၈)ဦးဖြင့် တောင်ခြေနောင်ပိန် အထက်ရဲရွာလမ်းရှိ SSPP လှုပ်ရှားတဲ့ နယ်မြေဂိတ် ဘက်သို့ ကားဖြင့် ကျုးကျော်ဝင်ရောက်လာမှုကြောင့် (၁)နာရီကျော်ကြာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားပြီး TNLA ဘက်မှ တပ်သားအချို့ သေဆုံးခဲ့ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက Hsan Loi Voice သတင်းဌာနသို့ ပြောသည်။
နောင်ပိန်တိုက်နယ်အဝင်လမ်း၏ လမ်းရဲ့အရှေ့ဘက်ခြမ်းမှာ SSPP ဘက်က အင်အားဖြည့်တင်း လာပြီး တပ်မမှူး စိုင်းဆမ် ဦးဆောင်တဲ့ အင်အား(၃ဝဝ)ခန့်က TNLA တပ်ဖွဲ့ကို လက်နက်ငယ်ဖြင့် ချောက်ပစ်ကာ TNLA တပ်ဖွဲ့ များက ရွာအဝင်လမ်းရဲ့ အနောက်ဘက်ခြမ်းမှာ ပြန်လည်ဆုတ်ခွာ နေရာယူ ထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ(၃ဝ)ရက်နေ့က ကျောက်မဲ−နောင်ချိုကြား နောင်ပိန်တိုက်နယ်အဝင် ပြည်ထောင်စုလမ်းမကြီးဘေးရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA)တပ်ဖွဲ့ တပ်စွဲထားတဲ့ ဂိတ်(၂)ဂိတ်ကို ပလောင်(တအာင်း)အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) က လာရောက် ဖယ်ရှားခိုင်းပြီးနောက် နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာကြောင်း သိရသည်။
TNLA နှင့် SSPP တို့သည် စစ်ရေးမဟာမိတ်များဖြစ်ကြပြီး လက်နက်ကိုင်တပ်များ စုပေါင်း ထားသည့် ပြည်ထောင်စုနိုင်ငံရေး ညှိနှိုင်းဆွေးနွေးမှုကော်မတီ (FPNCC) အဖွဲ့ဝင်များလည်း ဖြစ်ကြ သည်။ SSPP အင်အားကောင်းသည့် ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနှင့် ကျောက်မဲမြို့အနီးတွင် SSPP နှင့် မဟာမိတ် TNLA တို့ ပူးတွဲစစ်ရေး လှုပ်ရှားရာဒေသဖြစ်ကြောင်း သိရှိရပါသည်။