နှစ်ဖက်တွေ့ဆုံဆွေးနွေးနိုင်ရန် SSPP/SSA အား ထိုးစစ်ဆင် တိုက်ခိုက်မှုကို (၁၀) ရက်အတွင်း လုံးဝ အပစ်ရပ်စဲရန် RCSS/SSA ထုတ်ပြန် | ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်မဲမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ် TNLA မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စည်ပင်အရာရှိတစ်ဦး၊ EPC ဝန်ထမ်းတစ်ဦး သေဆုံး

ကျောက်မဲမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ် TNLA မှ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် စည်ပင်အရာရှိတစ်ဦး၊ EPC ဝန်ထမ်းတစ်ဦး သေဆုံး

Hsan Loi Editor
06/08/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မြို့တော်ခန်းမအနောက်ဘက်တွင် ဌာနဆိုင်ရာဝန်ထမ်းများ အစည်းအဝေးပြုလုပ်နေစဉ်အတွင်း TNLA အဖွဲ့မှ ယနေ့ နံနက် (၁၁) နာရီဝန်းကျင်ခန့်က ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သတင်းရရှိသည်။

ပစ်ခတ်တိုက်ခိုက်ခံရခြင်းကြောင့် စည်ပင်အရာရှိတစ်ဦးနှင့် နမ္မတူ EPC ဝန်ထမ်းတစ်ဦး သေဆုံးခဲ့ပြီး ရပ်ကွက်ဥက္ကဌတစ်ဦး လက်တွင်ကျည်ထိမှန်ခဲ့သည်။ ကျောက်မဲမြို့နယ်အတွင်း TNLA နှင့် စစ်ကောင်စီတပ်တို့ စစ်ရေးတင်းမာလျက်ရှိပြီး ဩဂုတ်လ (၄) ရက်နေ့ကလည်း ကင်းလှည့်နေသည့် စစ်ကောင်စီကားအား TNLA အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၁၄) ဦး သေဆုံးခဲ့သည်။

“ဩဂုတ်လ (၄) ရက်နေ့ကတည်းက စစ်ကောင်စီတပ်သားတွေရဲ့ကားကို TNLA တွေက နောင်ပစ်ရွာအဝင်လမ်းနားမှာ ကြားဖြတ်တိုက်ခိုက်လို့ စစ်သားတွေ (၁၄) ယောက်သေတယ်။ အဲ့ဒီနောက်တော့ စစ်ကောင်စီတပ်သားတွေက နောင်ပိန်ဘက်ကို အင်အားတွေဖြည့်ပြီး TNLA တွေကို စစ်ကြောင်းထိုးဖို့ပြင်ဆင်လာတယ်။ TNLA တွေက နောင်ပစ်ရွာအနောက်ဘက်ကို ပတ်ပြီးထွက်သွားတဲ့အချိန် လမ်းတစ်လျောက်မှာ ဗုံးတွေထောင်သွားကြတယ်။ အဲ့ဒါကြောင့် ရွာသားတွေက အလုပ်လည်းမဆင်းရဲကြတော့ဘူး။ အခုအဲ့ဗုံးတွေကို စစ်ကောင်စီတပ်တွေက ပြန်လိုက်ဖြုတ်ပေးနေတယ်လို့တော့ပြောတာပဲ။ ညဘက်တွေဆိုရင် အဲ့ဒီဗုံးတွေကို ဖောက်ခွဲပစ်နေကြတယ်။ ဒီနေ့လည်း ပင်တိန်ရွာဘက်မှာ စစ်ကောင်စီတပ်သားတွေ အများကြီးရောက်နေကြတယ်။ ရွာသားတွေလည်း တောင်ယာမသွားရဲကြဘူး။ စစ်ပွဲအကြီးအကျယ် ထပ်ဖြစ်မှာကို စိုးရိမ်နေကြတာပေါ့။” ဟု နောင်ပိန်ကျေးရွာ ဒေသခံတစ်ဦးက ပြောပြသည်။

အလားတူ ယနေ့ နံနက် (၁၀နာရီ ၄၅မိနစ်) ခန့်တွင် သျှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ Sunny Hotel ၌ ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သေးသည်။