ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်မဲမြို့ရှိ အမြောက်တပ်-၃၅၂ အား TNLA သိမ်းပိုက်ထားပြီ၊ ကျောက်မဲမြို့နယ်အတွင်းရှိ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများအား TNLA အလံ စိုက်ထူထားဟုဆို

ကျောက်မဲမြို့ရှိ အမြောက်တပ်-၃၅၂ အား TNLA သိမ်းပိုက်ထားပြီ၊ ကျောက်မဲမြို့နယ်အတွင်းရှိ စာသင်ကျောင်းနှင့် ဆေးရုံဆေးခန်းများအား TNLA အလံ စိုက်ထူထားဟုဆို

Hsan Loi Editor
27/06/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အဝင်ရှိ အမြောက်တပ်-၃၅၂ အား TNLA က ယနေ့ ဇွန်လ(၂၆)ရက်နေ့ နေ့လည်ပိုင်းခန့်က သိမ်းပိုက်ရရှိပြီဖြစ်ကာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံနှင့် အမြောက်တပ်ဝင်းအတွင်း TNLA တပ်သားများ ဝင်ရောက်နေရာယူထားပြီဖြစ်သည်။ ဒါ့အပြင် ကျောက်မဲမြို့အထွက် ငြိမ်းချမ်းရေးကုန်း စစ်ကောင်စီစခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ပြီဖြစ်ကာ ငြိမ်းချမ်းကုန်းအနီး၌ စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်း သေဆုံးနေသည့် ရုပ်သံလည်း တွေ့မြင်ရသည်။

 

“မနက် ၉ နာရီခွဲ ၁၀ နာရီလောက်ကစပြီး မြို့မရဲစခန်း၊ အမြောက်တပ်ဖက်မှာ တိုက်ပွဲဖြစ်နေတာပေါ့။ အမြောက်တပ်ကနေလည်း လက်နက်ကြီးတွေနဲ့ လျောက်ထုတော့ ပြည်သူတွေအိမ်ပေါ်ကျတဲ့အိမ်ကကျနဲ့ အိမ်ထဲပုန်းနေတာတောင် ကြောက်နေရတယ်။ ရန်ကင်းဘက်က အိမ်ပေါ် လက်နက်ကြီးကျလို့ မိသားစု(၄)ယောက် သေသွားတယ်။ နေ့လည်ပိုင်းလောက်မှာ ဆေးရုံဘက်နဲ့ အမြောက်တပ်ဘက်က ပစ်ခတ်တဲ့အသံတွေမကြားရတော့ဘူး။ ဟိုဘက်ရပ်ကွက်ကလူတွေ ပြောတာတော့ ဆေးရုံထဲမှာလည်း TNLA အဖွဲ့တွေ ဝင်နေနေပြီလို့ပြောတယ်။”ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောသည်။

 

ကျောက်မဲမြို့နယ် စခန်းသာရွာအနီးတွင်လည်း စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား သေဆုံးမှုများရှိသည်ဟုဆိုသည်။ ဒါ့အပြင် နားအိုက်ခန့်ကျေးရွာတောင်ဘက် လျှပ်စစ်ဓာတ်ခွဲရုံတွင် စောင့်ဆိုင်းနေကြသော စစ်ကောင်စီတပ်သား (၄)ဦးလည်း TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး (၄)ဦးစလုံး သေဆုံးခဲ့သည်။

 

လက်ရှိတွင် TNLA တပ်သားများက ကျောက်မဲမြို့ရှိ ခလရ ၅၀၁/၅၀၂ တပ်ရင်းအား ဝင်ရောက်တိုက်ခိုက်နေသည်။

 

နောင်ချိုမြို့ကိုလည်း အလုံးစုံတိုက်ခိုက်သိမ်းပိုက်နိုင်ရန် TNLA က ထိုးစစ်ဆင်နေဆဲဖြစ်ကာ ကျောက်မဲ-နောင်ချို လမ်းတစ်လျောက် TNLA တပ်သားများစွာ နေရာယူထားကြသည်ဟုဆိုသည်။ ဒါ့အပြင် ၎င်းတို့ ရောက်ရှိသော ကျေးရွာများရှိ စာသင်ကျောင်းနှင့် ဆေးရုံ ဆေးခန်းများ၌ TNLA အလံများ လွှင့်ထူထားကာ TNLA ဟူသော စာသားများအား ဆေးရုံဆေးခန်း နံရံများတွင် မူတ်ဆေးဖြင့် ရေးသားထားကြကြောင်း သတင်းရရှိသည်။