နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်မဲမြို့နယ် ဇီးပင်စခန်းရွာရှိ အဆောက်အအုံတစ်ခု စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်ခဲ့ပြီး ပျက်စီး၊ ဖုန်းလိုင်းများပျက်တောက်နေ

ကျောက်မဲမြို့နယ် ဇီးပင်စခန်းရွာရှိ အဆောက်အအုံတစ်ခု စစ်ကောင်စီ၏ လက်နက်ကြီးထိမှန်ခဲ့ပြီး ပျက်စီး၊ ဖုန်းလိုင်းများပျက်တောက်နေ

Hsan Loi Editor
14/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ဂုတ်တွင်းတစ်ကြောရှိ ကျေးရွာများတွင် ယမန်နေ့(၁၃.၁၁.၂၀၂၃) ရက်နေ့ ညပိုင်း၌ စစ်ကောင်စီတပ်မှ လက်နက်ကြီးအပြင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။ ယမန်နေ့ နံနက်ပိုင်းကစပြီး လက်နက်ကြီးပစ်ခတ်သံများဆက်တိုက်ထွက်ပေါ်ခဲ့ပြီး ညနက်ပိုင်း (၁) နာရီဝန်းကျင်အထိ ဂုတ်တွင်းတစ်ကြော လက်နက်ကြီးသံများ ကြားနေရကြောင်း ဒေသခံများက ဆိုသည်။

 

ကျောက်မဲမြို့နယ် ပင်ပေါကျေးရွာအုပ်စု ဇီးပင်စခန်းကျေးရွာရှိ အဆောက်အအုံတစ်ခုပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ပျက်စီးမှုဖြစ်ပွားခဲ့သည်။

 

“ အရင်တစ်နေ့ညက နောင်ပိန်တိုက်နယ် ပင်တိန်ကျေးရွာအရှေ့ဘက်က လယ်ကွက်ထဲကို တိုက်လေယာဉ်က ဗုံးအကြီးကြီးလာပစ်ချသွားတယ်။ ဗုံးပေါက်ကွဲမှုအရမ်းပြင်းလွန်းလို့ တစ်ရွာလုံးထိတ်လန့်ပြီး လန့်နိုးကုန်ကြတယ်။ မနက်ရောက်တော့ ဘယ်သူကနေ စပြီး ကောလာဟလလွှင့်လိုက်တယ်မသိဘူး။ နောင်ပိန်ကလူတွေ နောင်ပိန်နဲ့(၃)မိုင်အကွာအဝေးအထိ ရှောင်နေကြဖို့ ပြောကြလို့ ရွာသူ/သားတွေ စိုးရိမ်ကြောက်လန့်ပြီး ထွက်ပြေးကုန်တယ်။ ဒီနေ့တော့ ရွာထဲကိုရွာသူ/ရွာသားတွေ ပြန်ဝင်လာနေပြီဖြစ်သလို ဒီမှာလည်း စစ်ဘေးရှောင်တွေက (၇၀၀) ကျော်လောက်ရှိနေသေးတယ်။ ညကတော့ ဂုတ်တွင်းဘက်ခြမ်းမှာ တစ်ညလုံး လက်နက်ကြီးသံတွေရော အောက်ကနေပြန်ပစ်တဲ့ သေနတ်သံတွေရော ဆက်တိုက်ကြားနေရတယ်။ အခုဒီမနက်တော့ ငြိမ်နေပါသေးတယ်။” ဟု နောင်ပိန်ဒေသခံတစ်ဦးက ပြောပြသည်။

 

ယနေ့ နံနက်ပိုင်း (၇) နာရီခန့်တွင် ဂုတ်တွင်းဘက်ခြမ်းတွင် လက်နက်ကြီး ကျသံ (၃) ချက်ခန့်ကြားခဲ့ရပြီး ယခုအချိန်တော့ ငြိမ်သက်နေသေးဟုဆိုသည်။ နောင်ပိန်တိုက်နယ်အတွင်း MPT ဖုန်းလိုင်းမှလွဲ၍ ကျန်သည့်ဖုန်းလိုင်းများ ပြတ်တောက်လျက်ရှိကြောင်း သတင်းရရှိသည်။