ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်မဲမြို့နယ်၌ စက်သုံးဆီများအကန့်အသတ်ဖြင့်သာ ရောင်းချသောကြောင့် မှောင်ခိုဓာတ်ဆီဈေး တစ်လီတာ (၃၂၅၀) အထိပေါက်ဈေးရှိနေဟုဆို

ကျောက်မဲမြို့နယ်၌ စက်သုံးဆီများအကန့်အသတ်ဖြင့်သာ ရောင်းချသောကြောင့် မှောင်ခိုဓာတ်ဆီဈေး တစ်လီတာ (၃၂၅၀) အထိပေါက်ဈေးရှိနေဟုဆို

Hsan Loi Editor
05/11/2023
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်၌ စက်သုံးဆီကို အကန့်အသက်ဖြင့်သာ ဖွင့်လှစ်ရောင်းချနေသောကြောင့် မှောင်ခိုရောင်းချသော (92) အမျိုးအစားဓာတ်ဆီတစ်လီတာ (၃၂၅၀) ကျပ်အထိ ရောင်းချနေကြကြောင်း သတင်းရရှိသည်။

 

ကျောက်မဲမြို့နယ်ရှိ DENKO ဓာတ်ဆီဆိုင်အပြင် ခိုမုန်းရွာရှိ ဓာတ်ဆီဆိုင်တန်း၌ ဓာတ်ဆီဆိုင်တော်တော်များများသည် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက ပိတ်ထားခဲ့သည်ဟုဆိုသည်။

 

“ မြသိန်းတန် ဓာတ်ဆီဆိုင်နဲ့ Regency ဓာတ်ဆီဆိုင်တော့ ဆိုင်ကယ်တွေကို အပြည့်ပေးဖြည့်တယ်။ ဓာတ်ဆီပုံးနဲ့တော့ ပေးမဝယ်ပြီး ယူသွားမယ်ဆိုရင်တော့ သူတို့မရောင်းပေးဘူး။ ဒီဆိုင်တွေလောက်ပဲကျန်တော့လို့ တန်းစီပြီးဝယ်နေရတာ ဆိုင်ကယ်တန်းတွေအရှည်ကြီးပဲ။ ကားတွေကိုတော့ အကန့်အသက်နဲ့ပဲပေးဖြည့်တော့တယ်။

 

တကယ်လို့အပြင်မှာ ဝယ်မယ်ဆိုရင်လည်း (၂၀) လီတာရှိတဲ့ ပုံးဝါတစ်ပုံးကို (၆၅၀၀၀) ဆိုပြီးရောင်းနေကြတယ်။ တစ်လီတာကို (၃၂၅၀) ကျပ်လောက်ပေးဝယ်နေရတဲ့သဘောဖြစ်နေပြီ။” ဟု ကျောက်မဲဒေသခံတစ်ဦးကပြောပြသည်။

 

ယနေ့ (၅.၁၁.၂၀၂၃) ရက်နေ့တွင် ကျောက်မဲမြို့နယ်၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့များ၏ နေရာယူထားမှုနှင့် စစ်ကောင်စီတပ်၏ ပြင်ဆင်နေမှုအရ တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံ

များစိုးရိမ်လျက်ရှိသည်။