နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာက ယမ်းထုတ်လုပ်ရုံ ပေါက်ကွဲမှုဖြစ် | ဒေါ်အောင်ဆန်းစုကြည် အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းလဲထားရှိလိုက်ပြီလို့ဆို | မိုးများပြီး ချောင်းရေလျှံမှုကြောင့် ရေစီးနဲ့အတူ မျှောပါသွားတဲ့ ခရီးသည်ယာဥ်ပေါ်ပါ လူ ၁၉ ဦး ကယ်တင်နိုင် | အိမ်ဖြူတော်ညစာစားပွဲတွင် သေနတ်သံထွက်ပေါ်သော်လည်း သမ္မတထရမ့် ဘေးကင်းလုံခြုံမှုရှိ၊ တရားခံကိုဖမ်းမိပြီလို့ဆို | သင်္ကြန်ကာလစက်သုံးဆီပြတ်လပ်နိုင်ကြောင်းယာဥ်လိုင်းဂိတ်များက ကြိုတင်သတိပေးလာ | ကွတ်ခိုင်မြို့ကို ကိုးကန့်တပ် MNDAA အပြီးသတ်ထိန်းချုပ် | အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားပြီဖြစ်ကြောင်း အီရန်နိုင်ငံပိုင် ရုပ်သံအတည်ပြု | တောင်ကြီးမှာ ကားအရောင်းအဝယ်လုပ်တဲ့ အမျိုးသားတစ်ဦး ကားလုဓါးထိုးခံရပြီး သေဆုံး | တောင်တွင်းကြီး မှ တပ်ကုန်းသို့ ပွဲလာကတဲ့ ဇော်လေးနိုင် ဇာတ်သဘင်အဖွဲ့ ကားချောက်ထဲကျပြီး ၁၂ ဦး ပွဲချင်းပြီး သေဆုံး | လွိုင်လင်-နမ့်စန် သွားလမ်မှာ ခရီးသည်တင်ယာဥ် တစ်စီး ချောက်ထဲကျ တစ်ဦးသေဆုံးပြီး (၉)ဦး ဒဏ်ရာရ

ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ SSPP/SSA တို့ ထိတွေ့ ‌တိုက်ပွဲပြင်းထန်

ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ SSPP/SSA တို့ ထိတွေ့ ‌တိုက်ပွဲပြင်းထန်

Hsan Loi Editor
30/11/2025
Share:
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA)တို့ ထိတွေ့တိုက်ပွဲ ပြင်းထန်နေတယ်လို့ SSPP Info က ယနေ့ မွန်းလွဲပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
ယနေ့ နိုဝင်ဘာလ ၂၉ ရက် နေ့လည် ၁ နာရီကျော်အချိန်မှာ အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ်ဟာ SSPP/SSA တပ်စခန်းတည်ရှိရာ ကျောက်မဲမြို့နယ်၊ ပုံဝိုးကျေးရွာအုပ်စု၊ ပုံဝိုးကျေးရွာအနီး တောတွင်းတစ်နေရာတွင် ထိုးစစ်ဆင် ဝင်ရောက်လာသဖြင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားတယ်လို့ ဖော်ပြထားပါတယ်။
တိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်က မြေပြင်စစ်ကြောင်းအပြင် ဒရုံးများအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သိရပြီး မွန်းလွဲပိုင်း ၃ နာရီအထိ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ယခုတိုက်ပွဲနဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ Hsan Loi Voice အနေနဲ့ ဆက်လက်မေးမြန်း စုံစမ်းနေဆဲဖြစ်ပါတယ်။