ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း မနေ့က ပစ်ခတ်မှုအပြီး TNLA ဘက်မှ (၆)ဦး သေဆုံးကာ SSPP မှ TNLA သေနတ်(၁၅)လက် သိမ်းဆည်းရမိ

ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ်အတွင်း မနေ့က ပစ်ခတ်မှုအပြီး TNLA ဘက်မှ (၆)ဦး သေဆုံးကာ SSPP မှ TNLA သေနတ်(၁၅)လက် သိမ်းဆည်းရမိ

Hsan Loi Editor
06/07/2024
Share:

 

သျှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း နှင့် သီပေါမြို့နယ်အတွင်းတွင် ယမန်နေ့ ဇူလိုင်(၅)ရက် နံနက်ပိုင်းအချိန်က တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) မှ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်ကို (၃)နေရာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်မှုအပြီး TNLA ဘက်မှ တပ်သား(၆)ဦးသေဆုံးကာ SSPP မှ သေနတ် (၁၅)လက် သိမ်းဆည်းရမိကြောင်း သိရသည်။

 

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA)မှ လုံခြုံရေးတပ်ချ ဖြန့်ကျက် နေရာယူထားသည့် နောင်ပိန်အရှေ့ဘက်ခြမ်းတလျှောက် ဝင်ရောက်လာသည့် TNLA စစ်ကြောင်း (၃)ကြောင်းက လုပ်ပါရွာ ဘုန်းကြီး ကျောင်း၊ SSPP ဂိတ်တစ်နေရာ နှင့် နမ့်ဟူးပင်စုံဘက်မှာ ပိတ်မိနေပြီး မနေ့က SSPP လှုပ်ရှားရာနယ်မြေပြင်ပသို့ ပေးမထွက်ပဲ SSPPမှ တားဆီးထားကြောင်း သိရသည်။

 

နှစ်ဖက်ပစ်ခတ်မှုအတွင်းမှာTNLA တပ်ဖွဲ့က SSPP တပ်သား (၂)ဦး ဖမ်းမိထားကာ မိမိတို့ TNLA စစ်ကြောင်းကို SSPP လှုပ်ရှားရာနယ်မြေပြင်ပသို့ ထွက်ခွင့်ပေးလျှင် ဖမ်းမိထားတဲ့ SSPP တပ်သား (၂)ဦးကိုလည်း ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း TNLA မှ ညှိနှိုင်းကာ ယနေ့ ဇူလိုင်လ(၆)ရက်နေ့မှာတော့ SSPP တပ်ဖွဲ့မှ အဆိုပါ TNLA တပ်ဖွဲ့ကို ၎င်းနယ်မြေပြင်ပသို့ ပြန်လည်စေလွှတ်ပေးခဲ့ပေမယ့် TNLA ဘက်က ဖမ်းဆီးထားတဲ့ SSPP တပ်သား(၂)ဦးကို ယခုညနေပိုင်းအထိ ပြန်မလွှတ်ပေးသေးကြောင်း စစ်ရေးသတင်းရင်းမြစ် မှသိရသည်။

 

မနေ့က နှစ်ဖက်ပစ်ခတ်မှုအပြီး နောင်ပိန်ရွာအဝင်ထဲမှာ ပစ်ခတ်ခံရပြီး သေဆုံးနေတဲ့ TNLA အလောင်း(၆)လောင်းကို ကမ်းလင့်လက်များလူမှုကူညီရေးအသင်းနှင့် မြင့်မြတ်ဖြူစင် လူမှုကူညီရေး အသင်းက သွားရောက်သယ်ယူ သဂြိုလ်ပေးရကြောင်းသိရသည်။

 

ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှာ ယနေ့နက်ပိုင်းအချိန်မှာတော့ စျေးဆိုင်ခန်းအချို့ ဖွင့်လှစ် ရောင်းချပေမယ့် မွန်းလွှဲပိုင်း(၂)နာရီခန့်အချိန်မှာတော့ လက်နက်ငယ် ပစ်ခတ်သံများ ထွက်ပေါ်လာပြီး ပြည်သူများ ကြောက် လန့်ကာ စျေးဆိုင်ခန်းတွေပြန်ပိတ်ထားပြီး အိမ်ထဲမှာ ပြန်နေကြကြောင်း နောင်ပိန်စစ်ရှောင်တစ်ဦး က ပြောသည်။

 

မနေ့ဇူလိုင်(၅)ရက်က နောင်ပိန်ရွာထဲ နှစ်ဖက်ပစ်ခတ်မှုအပြီး နောင်ပိန်ထဲရှိ စစ်ဘေးရှောင်ပြည်သူများအချို့လည်း ပုံဟိုးကျေးရွာဖက်သို့ နေရာပြန်ရွေ့ကြကြောင်း သိရှိရပါသည်။