ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကျောက်ဂူတိုက်နယ်အတွင်း SSPP နှင့်မဟာမိတ်များ ဖမ်းဆီးထားသော ရွာသားအချို့နှင့် RCSS တပ်ဖွဲ့ဝင်အချို့ကို ကယ်ထုတ်နိုင်ခဲ့ဟုဆို
17 April 2023 (09:43 AM)
ယမန်နေ့ မတ်လ ၁၆ ရက်နေ့က ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ်၊ နောင်ဝိုးကျေးရွာအုပ်စု ငဲ့ဈန် ကျေးရွာမြောက်ဖက်၌ SSPP နှင့် မဟာမိတ်များက ဖမ်းဆီးထားသော ရွာခံအချို့နှင့် RCSS တပ်ဖွဲ့ဝင်အချို့ကို RCSS အဖွဲ့ဝင်များက သွားရောက်ကယ်ထုတ်နိုင်ခဲ့သည်ဟု သတင်းများထွက်ပေါ်လာပါသည်။
ယမန်နေ့ နံနက်ပိုင်း ၈ နာရီ ၄၅ မိနစ်မှ ၉ နာရီ ၄၅ မိနစ်ခန့်အထိ RCSS အင်အားတခုဖြင့် ဝင်ရောက် ကယ်ထုတ်နိုင်ခဲ့သည်ဟု သိရသည်။
လွန်ခဲ့သည့်ရက်ပိုင်းအတွင်းကပင် SSPP က ရပ်စောက်မြို့နယ်၊ ကျောက်ဂူတိုက်နယ် နောင်ပူခဲကျေးရွာမှ ရွာလူငယ်အဖွဲ့ခေါင်းဆောင် စိုင်းတူးအောင်နှင့် အတူ အခြား ရွာသား ၃ ဦးကိုပါ ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
“စိုင်းတူးအောင်ကို SSPP အဖွဲ့ဝင်တွေက ငဲ့စျန်ရွာ ကျောင်းသစ်မှာဘဲ ဧပြီလ ၁၀ ရက်နေ့က တခြားရွာသား ၃ ယောက်နဲ့အတူ ဖမ်းသွားပါတယ်၊ ၁ ယောက်ကတော့ ပြန်လွတ်လာပါတယ်” ဟု ရွာခံတဦးက Tai Freedom သတင်းဌာနကို ဧပြီလ ၁၅ ရက်နေ့က ပြောကြားခဲ့ပါသည်။