ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့ အမှတ်(၂)ရပ်ကွက် လွိုင်မွေလမ်းရှိ နှင်းဆီရွှေဆိုင်ကို မေလ(၁၄)ရက်နေ့ ညနေ(၄)နာရီခန့်တွင် လူ(၃)ဦးက သေနတ်ပစ်ဖောက်ပြီး ဓားပြဝင်တိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်(၃)ဦးသည် ဆိုင်ကယ်တစ်စီးဖြင့် ရောက်ချလာပြီး သေနတ်ပစ်ဖောက်ကာ ရွှေထည်ပစ္စည်းများ ထည့်ထားသော မှန်ဘောင်များအား ရိုက်ခွဲကာ ရွှေထည်ပစ္စည်းများ ယူဆောင်ထွက်ပြေးသွားသည်။ ထို့နောက် မိုင်းလားသွားလမ်း တာပင်းဂိတ်တွင် စစ်ကောင်စီအဖွဲ့က အဆိုပါ ဓားပြ(၃)ဦးအား ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ကနဦး သိရသည်။
သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ ရွှေဆိုင်တစ်ဆိုင်တွင်လည်း မေလ (၁၂)ရက်နေ့က ဓားပြမှုဖြစ်ပေါ်ခဲ့ပြီး ငွေကျပ်သိန်း(၁၀၀၀)ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပါသွားကြောင်း သိရသည်။