ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကျိုင်းတုံမြို့နယ် ၊ နောင်ငင်းရွာထိပ်တွင် မိုင်းလားမှပျော်ဘွယ်သို့ မောင်းနှင်လာသော ဟွန်းဒိုင်းစတားရက်အမျိုးအစားခရီးသည်တင်ယာဥ်တစ်စီး မေ (၁) ရက်နေ့ နံနက် ၉ နာရီ ဝန်းကျင်ခန့်က ယာဥ်မ တော်တဆ ဖြစ်ပွားခဲ့ကြောင်း သိရသည် ။
“ ရှေ့ကလာတဲ့ ကားတစ်စီးကိုရှောင်ရင်း စလစ်ဖြစ်ပြီး အရှိန်မထိန်းနိုင်ပဲ မကျီးပင်ကိုဝင် တိုက်မိတာလို့ သိရတယ် တစ်ယောက်သေတယ် ၊ ဒဏ်ရာရတဲ့ လူလဲရှိတယ်” ဟု ကျိုင်းတုံ ယာဥ်မောင်းတစ်ဦးကပြောသည် ။
ယာဥ်ပေါ်တွင် လိုက်ပါလာသောယာဥ်မောင်းအပါ အဝင်အမျိုးသား(၅)ဦး နှင့် အမျိုးသမီး (၂) ဦး စုစုပေါင်း(၇) ဦး အနက် အမျိုးသားတစ်ဦး သေဆုံးသွားပြီး ဒဏ်ရာရရှိသူများကို ကျိုင်းတုံခရိုင်နှင့် ကျိုင်းတုံမြို့နယ် မီးသတ်တပ်ဖွဲဝင်များက ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။