ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်တွင် ပစ်ခတ်မှု ရုပ်/သံထွက်ပေါ်လာ

ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်တွင် ပစ်ခတ်မှု ရုပ်/သံထွက်ပေါ်လာ

ahadmin
16/10/2022
Share:
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာရှိ ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုရုပ်သံ လူမှုကွန်ယက်ပေါ်၌ ယနေ့ အောက် တိုဘာလ ၁၄ ရက်နေ့တွင် ထွက်ပေါ်လာသည်။
အဆိုပါပစ်ခတ်မှုသည် အောက်တိုဘာလ ၁၂ ရက်၊ နံနက် ၁၁ နာရီချိန်ခန့်တွင် ကျိုက်ထီးရိုးဘုရားတောင် တက်ဂိတ်ရှိစစ်ကောင်စီတပ်ကို သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လာရောက်ပစ်ခတ်ရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

နာရီဝက်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဘုရားဖူး ၃ ဦးသေဆုံး၍ ၁၃ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရုပ်/သံတွင် ပစ်ခတ်သူများကို မတွေ့ရပေ။