ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
သျှမ်းပြည်နယ်မြောက်ပိုင်း သီပေါ-ကျောက်မဲကြား၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျင်တီတံတားအား ယမန်နေ့က ဘေလီတံတားပြန်လည်ပြုလုပ်နေပြီဟု ဒေသခံများ၏ ပြောဆိုမှုအရ ကျန်ုပ်တို့ သတင်းဌာနသည်ဟု သတင်းဓာတ်ပုံဖော်ပြခဲ့ပြီးဖြစ်သည်။
သို့သော် ယနေ့ စုံစမ်းသိရှိမှုအရ ကျင်သီတံတားအား ယာယီဘေလီတံတားထိုးရန်မဟုတ်ဘဲ လုပ်ငန်းရှင်တချို့မှ သီးနှံသယ်ယူပို့ဆောင်ရေးခါးပတ်စက် တပ်ဆင်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရပါသည်။ ဒေသထွက်သီးနှံပစ္စည်းများ ချိန်းပြောင်းရာမှာ ကုန်ကျစရိတ်သက်သာစေရန်အတွက် conveyor belts – သယ်ယူပို့ဆောင်ရေးခါးပတ်စက်ကို အသုံးပြုသွားရန်သာဖြစ်သည်။