ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကရင်အမျိုးသားအစည်းအရုံး၏ တပ်မဟာ ၆ နယ်မြေအတွင်းက ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါစစ်သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့သည်။
ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက “ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနဲ့ ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနဲ့ သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနဲ့ တိုင်းရင်းသားမဟာမိတ်တပ်များနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှု” များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း PVTV က instagram တွင် ဖော်ပြထားသည်။
အဲ့ဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်က တောင်ပိုင်းစစ်ဒေသဆီကို ပေးအပ်မယ့်လက်နက်တွေထဲက သေနတ်အလက်(၅၀) ကိုကော်ဘရာစစ်ကြောင်းရဲ့ ဒုစစ်ကြောင်းမှူးဆီကို ပေးအပ်ခဲ့ကြောင်း သိရသည်။
credit photo & NUG Facebook Page
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/