ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကော့ကရိတ်မြို့နယ် စုကလိစခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် (၂၁)ဦး ဖမ်းဆည်းရမိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

ကော့ကရိတ်မြို့နယ် စုကလိစခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် (၂၁)ဦး ဖမ်းဆည်းရမိပြီး လက်နက်ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိ

Hsan Loi Editor
23/06/2024
Share:

 

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ၊ ကော့ကရိတ်မြို့နယ် အရှေ့ခြမ်း၊ စုကလိမြို့ အခြေစိုက် စစ်စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးကြီး ဝဏ္ဏတိုး အပါအဝင် (၂၁)ဦး ဖမ်းဆီးရမိပြီး ၆၀ မမ (ပြောင်းရှည်)၊ ပြောင်းတို၊ RPG -7 ၊ MA-1 ၊ နင်းမိုင်း၊ ရှေ့ထွက်မိုင်း၊ ခ္ငင်းဗုံး၊ မိုင်းရှင်းစက် စသော လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း KNU က ထုတ်ပြန်ထားပါသည်။

 

အဆိုပါ စုကလိတပ်စခန်းကို ဇွန်လ(၁၇)ရက် မနက်ပိုင်းအချိန်တွင် KNLA နှင့် ပူးပေါင်းတပ်များက ဝင်ရောက်တိုက် ခိုက်ကာ ဇွန်လ(၂၁)ရက်တွင် တပ်စခန်းတစ်ခုလုံးအား အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။

 

တပ်စခန်းကိုတိုက်ခိုက်စဉ် စစ်ကောင်စီတပ်ဖွဲ့ဝင် (၆)ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ (၁၄)ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါသည်။

 

ဒါ့အပြင် စစ်သုံ့ပန်းအဖြစ် တပ်ခွဲမှူး ဗိုလ်မှူးကြီး ၀ဏ္ဏတိုး အပါ (၂၁) ဦး ဖမ်းဆီးရမိခဲ့ပြီး KNLA နှင့် ပူးပေါင်းတပ်ဘက်မှလည်း ၁၅ ဦးခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်မှာ ဖော်ပြကြောင်း သိရှိရပါသည်။