ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကိုးကန့် MNDAA တပ်ဖွဲ့မှ တစ်လကြာ ဥပဒေမဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ သျှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ရှိ မိုင်းယော်တိုက်နယ်မှ အသက် ၁၅ နှစ် အရွယ် နန်းယိင်းဟွမ် ပြန်လည်လွှတ်မြောက်လာတယ်လို့ သိရပါတယ်။
ယနေ့ မတ်လ ၇ ရက် ညနေပိုင်းအချိန်မှာ နန်းယိင်းဟွမ် ပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး လက်ရှိတွင် ၎င်းမိသားစုနဲ့ အတူရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်အတွင်း လုံမွန်းကျေးရွာရှိ ဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ ကိုးကန့် MNDAA မှ တပ်သားနှစ်ဦးသည် အမျိုးသမီးတစ်ဦးအား အပြိုင်ကြိုက်ရာမှ အချင်းချင်းခိုက်ရန်ဖြစ်ပွားပြီး တပ်သားတစ်ဦး သေဆုံးသွားတဲ့အတွက် နန်းယိင်းဟွမ်နဲ့ ဆက်စပ်သည်ဟုဆိုကာ ၎င်းအမျိုးသမီးအိမ်သို့ သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အသက် ၁၅ နှစ်အရွယ်ရှိတဲ့ နန်းယိင်းဟွမ် ပြန်လည်လွှတ်မြောက်ဖို့အတွက် မတ်လ ၁ ရက်နေ့က သျှမ်းအရပ်ဘက်အဖွဲ့အစည်းများမှ နိုင်ငံတကာ လူ့အခွင့်အရေးလှုပ်ရှားတဲ့အဖွဲ့များ၊ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်၊ တရုတ်သံရုံးနဲ့ ထိုင်းသံရုံးများထံ အိတ်ဖွင့်ပေးစာများ ရေးသားပေးပို့ တောင်းဆိုခဲ့ပါတယ်။
နန်းယိင်းဟွမ် ပြန်လည်လွှတ်မြောက်လာဖို့အတွက် ဝန်းရံပေးကြတဲ့ အဖွဲ့အစည်းတိုင်းအား ကျေးဇူးတင်ပါတယ်လို့ မိသားစုဝင်က ပြောဆိုကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရပါတယ်။