ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကလောတွင် ကားဘရိတ်ပေါက်၍ တောင်နံရံအားဝင်တိုက် 

ကလောတွင် ကားဘရိတ်ပေါက်၍ တောင်နံရံအားဝင်တိုက် 

Hsan Loi Editor
08/03/2023
Share:

 

သျှမ်းပြည်နယ်တောင်ပိုင်း ဝက်ဖြူရေ အောက်ဖက် လမ်းနှစ်ခွနေရာအဆင်းလမ်း၌ ယနေ့ နေ့လည် ၁၁ နာရီအချိန်ခန့်တွင် Canter ကားတစ်စီးဘရိတ်ပေါက်၍ တောင်နံရံအားဝင်တိုက် မှုဖြစ်ပွားခဲ့သည် ။

 

အဆိုပါကားပေါ်တွင် ကားလေး ၂ ဦးအပါအဝင် လူ ၃၀ စီးနင်းလိုက်ပါခဲ့ပြီး အသီးသီဒဏ်ရာရရှိခဲ့ကြောင်း သိရသည် ။

 

အခင်းဖြစ်ပွားရာသို့ ကလော ကြက်ခြေနီတပ်ဖွဲ့၊ကလောဂရုဏာနာလူမူကူညီရေးအသင်းနှင့် အောင် ပန်းနာ/ကူအသင်း များက အရေးပေါ်လူနာတင်ယာဥ်( ၃)စီးဖြင့်ကူညီကယ်ဆယ်ရေးလုပ်ဆောင် ပေးခဲ့ကြောင်း သိရသည် ။

 

ထိခိုက်ဒဏ်ရာအနည်းငယ်ပြင်းထန်သည့် လူနာအမျိုး သမီးတစ်ဦးအား ကလောဆေးရုံမှတောင်ကြီးစဝ်စံ ထွန်းဆေးရုံသို့ ဆက်လက်ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါသည် ။