ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကရင်ပြည်နယ် ဖာပွန်ခရိုင် မဲဝိုင်ဒေသ KNU တပ်မဟာ (၅) နယ်မြေကို စစ်ကောင်စီတပ်မှ (၂) ရက်ဆက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) က ယနေ့ ဒီဇင်ဘာလ(၂၀) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယမန်နေ့ ဒီဇင်ဘာ(၁၉) ရက်နေ့ နံနက် (၈) နာရီတွင် မူတြော်ခရိုင် ဒွယ်လိုးမြို့နယ် မဲဝိုင်ကျေးရွာအုပ်စု ခေါဝါးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီတပ်တိုက်လေယာဉ်များ ရောက်ရှိလာပြီး ဗုံးကြဲသွားခဲ့ကြောင်း ဖော်ပြထားသည်။ နံနက်(၁၀) နာရီအရောက်တွင်လည်း နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာပြီး ဗုံးကြဲချခဲ့ကြောင်း သိရသည်။
အလားတူ ဒီဇင်ဘာလ (၁၈) ရက်နေ့ကလည်း မဲဝိုင်ကျေးရွာအုပ်စု ဝါသိုးလော်ရွာသို့ စစ်ကောင်စီတိုက်လေယာဉ်များ ရောက်ရှိလာပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်(၁၈) အိမ်ခန့် နှင့် စပါးကျီများ ဗုံးထိမှန် ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီတပ်၏ ယခုလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသလို နေအိမ်များပျက်စီးမှုကြောင့် အခက်အခဲများ ကြုံတွေ့ရင်ဆိုင်နေရ ကြောင်း သတင်းရရှိသည်။
#HsanLoiVoice
https://instagram.com/hsan.loivoice?igshid=YmMyMTA2M2Y=
https://hsanloivoice.org/