ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကရင်နီပြည် (ကယားပြည်နယ်) ရှိ စစ်ကောင်စီ အဓိကစခန်း ၇ နေရာရှိရာ ၆ နေရာကို ကရင်နီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း အဆင့်ဆင့် သတင်းရရှိသည်။
သံလွင်မြစ်အရှေ့ဖက်ခြမ်းရှိ စစ်ကောင်စီ၏ စခန်းများဖြစ်ပြီး ခမရ ၄၃၀ နမ့်ပေါင် တပ်ရင်းတခုသာ သိမ်းပိုက်ခံရရန် ကျန်တော့သည်ဟုသိရသည်။ ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ခရိုင် ခွန်ရုံးမ်းနှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။
စစ်ကောင်စီက MI 29 စစ်ရဟတ်ယာဉ်နှင့် အဆက်မပြတ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေခြင်းကြောင့် အထက်ပါ စစ်ကောင်စီစခန်းအား သိမ်းပိုက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ကရင်နီပြည်/ကယားပြည်နယ် အခြေစိုက်သတင်းအရင်းအမြှစ်အရ ဖရူဆိုမြို့အနောက်ဖက်ခြမ်း ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေကြောင်း ရေးသားဖော်ပြထားသည်။
ခမရ ၄၃၀ တပ်မှ အရာရှိအဆင့် ဒုဗိုလ်မှူးကြီး နေလင်းအောင်နှင့် နောက်ထပ်တဦး ကရင်နီတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံလိုက်ကြောင်း သိရသည်။