ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
ကရင်နီပြည် ဒီးမော့ဆိုတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဖြစ်ပွားသည့် တိုက်ပွဲများအတွင်း ဆေးကုသမှုအပိုင်းတွင်တာဝန်ယူ ဆောင်ရွက်နေသည့် Medic Unit – Demoso မှ အသက် ၁၇ နှစ် အရွယ်ဆေးတပ်ဖွဲ့ဝင်အမျိုးသမီးတစ်ဦးအပါအဝင်ရဲဘော် ၄ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ကျဆုံးသော ရဲဘော် ၄ ဦးတို့မှာ မကယ်ရိုလိုင်းခိုင်လင်း၊ မအိန်ဂျယ်လာ၊ ကိုဘော့စကိုနှင့် ကိုမြထွေးတို့ဖြစ်ပြီး၄င်းတို့သည် အသက် ၁၇ နှစ်မှ၂၃ နှစ်ကြား လူငယ်များဖြစ်ကြကြောင်း သျှမ်းတောင်တော်လှန်ရေး အင်အားစုများထံမှ သိရသည်။
၄င်းတို့ ၄ ဦးမှာ စစ်ကောင်စီကို ပြန်လည်ခုခံရင်း ဒဏ်ရာရသည့် ဒေသခံလက်နက်ကိုင်တပ်ဖွဲ့ဝင်များနှင့် စစ်ဘေးဒုက္ခသည်များကို ဆေးကုသပေးနေသူများဖြစ်ပြီး မေလ (၂၇) ရက်နေ့က တာဝန်ထမ်းဆောင်နေရင်း ကျဆုံးခဲ့ရ သည့်အတွက် တော်လှန်ရေး၏ အာဇာနည်သူရဲကောင်းများအဖြစ် အသိအမှတ်ပြုကြောင်းကရင်နီ တော်လှန်ရေးတပ်ပေါင်းစု (Karenni Revolution Union- KRU ) မှ ထုတ်ပြန်ထားသည်။