ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကမ္ဘာတစ်လွှားရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများတွင် မြန်မာနိုင်ငံဖော်ပြခံရ

ကမ္ဘာတစ်လွှားရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများတွင် မြန်မာနိုင်ငံဖော်ပြခံရ

Hsan Loi Editor
08/01/2023
Share:

 

စပိန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် Europa Press ၏ဖော်ပြချက်အရ ၂၀၂၃ ခုနှစ်တွင် အလေးထားစောင့်ကြည့်ရမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းများတွင် မြန်မာနိုင်ငံကိုလည်း ထည့်သွင်းဖော်ပြခဲ့တာကို တွေ့ရပါတယ်။

 

သတင်းအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ စစ်တပ် အာဏာသိမ်းမှုအပြီး လက်နက်ကိုင်တော်လှန်မှုများ နိုင်ငံအနှံ့ပေါ်ပေါက်လာပြီးနောက်မှာတော့ နေရပ်စွန့်ခွာရသူတွေနဲ့ စစ်ဘေးရှောင်ဒုက္ခသည်များ ၁.၄ သန်းကျော်လာခဲ့ပါတယ်။

 

ဒီအရေအတွက်ဟာ အရင်နှစ်ကထက် တစ်သန်းပိုများတဲ့ ပမာဏဖြစ်ပါတယ်။ ၎င်းသတင်းဌာနရဲ့ ဖော်ပြချက်အရ မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်နေသူပေါင်း ၁၇.၆ သန်းရှိကြောင်း သိရပါတယ်။

 

တစ်ချိန်တည်းမှာပဲ ရိုဟင်ဂျာအရေးကိစ္စကလည်း လိပ်ခဲတည်းလည်းရှိနေပါတယ်။ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ချ်ဘက်ခြမ်းက ဒုက္ခသည်စခန်းတွေမှာ စိတ်ဆင်းရဲစရာအခြေအနေမျိုးစုံနဲ့ နေနေရပါတယ်။

 

မကြာသေးမီကာလအတွင်းမှာတော့ အင်ဒိုနီးရှားကမ်းရိုးတန်းဘက်ကို ပင်လယ်ဖြတ်ကူးထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ပိုမိုတွေ့လာရပါတယ်။

 

သတင်းဌာနရဲ့ပြုစုထားတဲ့စာရင်းထဲမှာ အာရှဒေသအတွင်းမှ မြန်မာတစ်နိုင်ငံသာပါဝင်ပြီး လူသားချင်းစာနာထောက်ထားမှုအကြပ်အတည်းအများစုမှာ အာဖရိကနှင့် အရှေ့အလယ်ပိုင်းမှ ဖြစ်ပါတယ်။

 

သတင်းဆောင်းပါးထဲမှာပဲ ကမ္ဘာ့ကုလသမ္မဂအဖွဲ့ကြီးအနေနဲ့ ရန်ပုံငွေ ဒေါ်လာ ၁.၅ ဘီလီယံကို တောင်းခံထားတယ်လို့ သိရပြီး ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာတစ်လွှား အကူအညီလိုအပ်သူ စံချိန်တင် မြင့်တက်လာစေတယ်လို့ ဆိုပါတယ်။