ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်
၂၀၂၃ ခုနှစ် ဇွန်လ (၁) ရက်နေ့ ညနေပိုင်း(၅း၁၅) အချိန်ခန့်တွင် ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသကို ဗဟိုပြုပြီး အင်အားအသင့်အတင့်ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ငလျင်၏ ပြင်းအားသည် ၅.၉ ရစ်ချ်တာစကေးရှိပြီး အင်းတော်ကြီးဒေသတစ်ခုလုံးတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်ခြင်းကြောင့် အင်းတော်ကြီးရေလယ်ဘုရားရင်ပြင်ရှိ ဘုရားဆင်းထုတော်များ ပြုတ်ကျပြီး အနည်းငယ်ပျက်စီးသွားကြောင်း သိရသည်။
အလားတူ မိုးညှင်းမြို့နယ် မိုင်းနောင်ကျေးရွာနှင့် နန့်မွန်းကျေးရွာအကြားရှိ ကွန်ကရစ်လမ်းမကြီးများ၌ ကွဲအက်သွားသည်အထိ ဖြစ်ပေါ်ခဲ့သည်။ ဒါ့အပြင် အနီးအနားရှိ ကျေးရွာများ၏ အိမ်ခြံဝင်းအုတ်တံတိုင်းပြိုကျခြင်း နှင့် နေအိမ်အတွင်းရှိ ပရိဘောဂပစ္စည်းများ ပြုတ်ကျပျက်စီးခြင်းများဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံများက ပြောပြချက်အရ သိရသည်။