ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (Kachin State Comprehensive University (KSCU) ၏ ပထမဆုံး ဘွဲ့နှင်းသဘင်၌ CDM ကျောင်းသား/သူ များအပါအဝင် ကျောင်းသား/သူ (၆၃) ဦး ဘွဲ့လက်ခံရယူခဲ့

ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (Kachin State Comprehensive University (KSCU) ၏ ပထမဆုံး ဘွဲ့နှင်းသဘင်၌ CDM ကျောင်းသား/သူ များအပါအဝင် ကျောင်းသား/သူ (၆၃) ဦး ဘွဲ့လက်ခံရယူခဲ့

Hsan Loi Editor
26/02/2023
Share:

 

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့က KIO ဌာနချုပ် လိုင်ဇာမြို့တွင် စစ်အာဏာသိမ်းမှု ပညာသင်ကြားခွင့်ဆုံးရှုံးခဲ့ရသည့် CDM ကျောင်းသား/သူများအား ပညာဆက်လက်သင်ယူနိုင်ရန်အတွက် ဖွင့်လှစ်ထားသည့် ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ် (Kachin State Comprehensive University (KSCU) ၏ ပထမဆုံး ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် KSCU ၏ အဓိပတိဖြစ်သူ ကချင်လွတ်လပ်ရေးကောင်စီ (KIC) ဒုဥက္ကဌ (၁) ဒုဗိုလ်ချုပ်ကြီးဂွန်မော်မှ ဘွဲ့ရမောင်မယ်များအား ဘွဲ့လက်မှတ်ပေးအပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပညာရေးဝန်ကြီးဒေါက်တာ ဇော်ဝေစိုးက အွန်လိုင်း (zoom)မှတဆင့် ဂုဏ်ပြုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

 

အဆိုပါတက္ကသိုလ်တွင် (NUG)နဲ့ KIO တို့ ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြန်မာစာ၊ ဓာတုဗေဒ၊ အင်္ဂလိပ်၊ စိတ်ပညာ၊ ပထဝီ၊ ဥပဒေ၊ စီးပွားရေး၊သမိုင်းနဲ့ဒဿနိကဗေဒ စသည့် ဘာသာရပ်များကို သင်ယူလေ့လာခဲ့သည့် ကျောင်းသားကျောင်းသူ (၆၃)ဦးက ဘွဲ့လက်ခံ ရယူခဲ့ကြောင်း သတင်းရရှိသည်။

 

credit & kachin waves