ဖမ်းဆီးခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် ထွက်လာသော်လည်း မပြောင်းလဲ ပြည်သူ့ဆန္ဒအတိုင်းရှေ့ဆက်မည်ဟု NUG ဝန်ကြီးချုပ်ပြော  | အရေးပေါ်ကာလသက်တမ်း (၆) လ ထပ်တိုးကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးကျင်းပပြီးသတ်မှတ်

ကချင်ပြည်နယ်၌ (၃) ရက်အတွင်း ဘိန်းဖြူ (၁၀) ကီလို ငွေကျပ်တန်ဖိုးသိန်း (၂၇၀၀) ခန့် ဖမ်းဆီးရမိခဲ့

ကချင်ပြည်နယ်၌ (၃) ရက်အတွင်း ဘိန်းဖြူ (၁၀) ကီလို ငွေကျပ်တန်ဖိုးသိန်း (၂၇၀၀) ခန့် ဖမ်းဆီးရမိခဲ့

Hsan Loi Editor
04/06/2023
Share:

 

ကချင်ပြည်နယ်တွင် ၂၀၂၃ ခုနှစ် မေလ (၃၁) ရက်နေ့ ညနေ (၅) နာရီခန့်က စစ်ကောင်စီ၏ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ မိုးညှင်းမြို့နယ်၊ နန့်စီးအောင် စစ်ဆေးရေးဂိတ်တွင် Nissan AD Van ကားပေါ်တွင် တင်ဆောင်လာသော စက္ကူဂျပ်ဖာများအတွင်းမှ ဘိန်းဖြူအလေးချိန် (၆.၆) ကီလို တန်ဖိုးငွေကျပ်သိန်း (၁၆၅၀) အား စစ်ဆေးတွေ့ရှိခဲ့ကြောင်း CCDAC Myanmar က ဖော်ပြထားသည်။ ထို့ကြောင့် မူးယစ်ဆေးဝါးနှင့်အတူ ယာဉ်မောင်းဖြစ်သူ သိန်းသန်းဝင်းအား ဖမ်းဆီးထားကြောင်း သိရသည်။

 

အလားတူ ၂၀၂၃ ခုနှစ် ဇွန်လ (၂) ရက်နေ့တွင်လည်း ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်စီးအောင်ဂိတ်တွင်ပင် မန္တလေးမြို့မှ မြစ်ကြီးနားမြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ်အား စစ်ဆေးရာမှ ဆာလာအိတ်အတွင်း တင်ဆောင်လာသည့် ဘိန်းဖြူ (၄.၄) ကီလို တန်ဖိုးငွေကျပ် သိန်း (၁၁၀၀) ခန့်အား ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ထို့ကြောင့် အဆိုပါ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ မခင်စုစုထွေး (ခ) မစု (၂၈) နှစ်အား မိုးညှင်းမြို့နယ် ရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။